Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jenny Robertson
7.0
Bull Durham (1988)
အားကစားသမား တစ်ယောက် နာမည်ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် မြောက်ပိုင်းက ဒါဟမ်မြို့ ဘေ့စ်ဘောအသင်းမှာတော့ Ebby ဆိုတဲ့ ရွှေလက်ပိုင်ရှင်လေးက သူဟာ ဘယ်လောက်ထိ ဖြစ်မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ရှိနေပါတယ်။ ပြာဖုံးနေတဲ့ ပတ္တမြားလေး ကို အရောင်တင်ပေးဖို့ တချိန်တည်းမှာပဲ ဘေ့စ်ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အတွေ့အကြုံများတဲ့ ဘောလုံးရိုက်သမားCrash တစ်ယောက် ဒါဟမ် အသင်းဆီရောက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်မော မြူးကြွစရာ ကြည့်ရှုရမှာပါ။၈၀ကျော်ခုနှစ်က ဖက်ရှင်တွေ၊ သီချင်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်ဘော လောကကြီးကို ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေကြေးအရလည်း ...
movie
Bull Durham (1988)
6.8
Role Models (2008)
Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie
Role Models (2008)