Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jennifer Steyn
7.2
Duma (2005)
ဒီဇာတ်ကားက တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေ အတော်သဘောကျမယ့် ဇာတ်ကားလေးပါ။ ဒါပေမဲ့ ခါတိုင်းလို ခွေးလေး၊ကြောင်လေးတွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လိုဖြစ်နေတဲ့ ချီတာကျားသစ်လေးတစ်ကောင်အကြောင်းပါ။ IMDb7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့ကောင်လေးရဲ့ အိမ်မှာ လသားလေး အရွယ်ကတည်းကရောက်ရှိနေတဲ့ ဒူးမားဆိုတဲ့ကျားသစ်လေးကို တစ်အိမ်လုံးဝိုင်းပြီးချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်မွေးတိလေးတစ်ကောင်လိုမျိုး အရမ်းယဉ်ပါးတဲ့ ကောင်လေးတစ်ကောင် ဖြစ်နေတာပါ။ဒါပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့မိသားစုရဲ့အိမ်မှမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ရချိန်မှာတော့ ဘယ်လိုပဲ လူယဉ်တဲ့တိလေးဖြစ်နေပါစေ၊ ကျားသစ်က ကျားသစ်၊ သားရဲက သားရဲပဲဖြစ်လို့ ခေါ်ထားဖို့အဆင်မပြေတဲ့ အခြေအနေဖြစ်လာပါတယ်။ဒါကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမားလေးကို စတွေ့ခဲ့တဲ့တောထဲပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာဇန်နဲ့ ကျားသစ်လေး ဒူးမားတို့ရဲ့ သံယောဇဉ်တွေ၊ သူတို့ကြုံရမယ့်အခက်အခဲပေါင်းများစွာနဲ့ စွန့်စားမှုတွေကို ကြည့်ရှုခံစားရမှာပါ။ချစ်ဖို့ကောင်းတဲ့ တိကားလေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့အဆင်ပြေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 ...
movie
Duma (2005)
5.2
Slumber Party Massacre (2021)
Slumber Party Massacre (2021)==============================(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM
movie
Slumber Party Massacre (2021)
2021