Channel Myanmar

Jennifer Love Hewitt

Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
Garfield (2004) 5.0
Garfield (2004) ကဲ Garfield တဲ့ . ဒီနာမည်လေးကြားတာနဲ့ကို မကြိုက်ဘဲနေနိုင်ဦးမလားခင်ဗျ။ 2004 ခုနှစ်ကထွက်ရှိခဲ့ပြီး ကြည့်ဖူးသည့််သူတိုင်း ကလေးအစ လူကြီးအဆုံး အရမ်းကိုကြိုက်နှစ်သက်ခဲ့တဲ့ Animation နဲ့လူပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ Garfield လို့ခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့အသိဉာဏ်မျိုးနဲ့ပြောဆိုမှုတွေဟာ ဒီဇာတ်ကားနာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။ ကဲ . ကြည့်ပြီးသားလူတွေလည်း Channel Myanmar ရဲ့ ဘာသာပြန်တင်ဆက်မှုနဲ့နောက်တစ်ခေါက်ပြန်ကြည့်ကြပါ။ ကိုယ့်မှာကလေးတွေ တူ.တူမတွေရှိလည်း ဒီကားလေးကိုပြန်ပြကြပါ။  File size…(1.6 GB)/(930 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield (2004)

If Only (2004) 7.0
If Only (2004) If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…    3.3 GB /  1.1 GB Quality… BluRay 1080p ...
movie

If Only (2004)

The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

I Still Know What You Did Last Summer (1998) 4.7
I Still Know What You Did Last Summer (1998)  1997 ခုနှစ်ကထွက်ရှိခဲ့တဲ့ I Know What You Did Last Summer ဆိုတဲ့ ဆယ်ကျော်သက် horror, thriller ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ။ သူငယ်ချင်းတွေကိုသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားကို မတော်တဆသတ်မိခဲ့တဲ့ ကောလိပ်ကျောင်းသူဂျူလီဟာ တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေမက်ပြီး အရာရာကိုထိတ်လန့်နေဆဲပါ။ တစ်နေ့မှာ ဂျူလီရဲ့အခင်ဆုံးသူငယ်ချင်း အခန်းဖော် ကာလာမှာ ရေဒီယိုအစီအစဉ်တစ်ခုကနေပြီး ဘဟားမားကိုအပန်းဖြေခရီးလက်မှတ်လေးစောင်ရတဲ့အခါ ဂျူလီ၊ ကာလာရဲ့ရည်းစား တိုင်လာ နဲ့ ဂျူလီကိုတစ်ဖက်သတ်ကြွေနေတဲ့ သူငယ်ချင်းဝယ်လ်တို့ဟာ ကာလာကောင်းမှုနဲ့ ဘဟားမားကို ဂျူလိုင်လေးပိတ်ရက်အတွက် အလည်အပတ်သွားကြပါတော့တယ်။ ဒါပေမယ့် ကျွန်းပေါ်ရောက်တဲ့အခါ ဂျူလီတစ်ယောက် မူမမှန်တာတွေကို စသတိထားမိလာပြီး ခြိမ်းခြောက်စာတွေရလာတဲ့အခါမှာတော့ သူသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမား ဘန် ဝဲလေ့စ်ဟာ မသေသေးတာကိုသိလိုက်ရပါတော့တယ်။ မုန်တိုင်းကြောင့် လှေအသွားအလာမရှိတဲ့ ကျွန်းပေါ်မှာ လူသတ်သမားလက်ကနေ သူတို့လေးယောက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ကြည့်လိုက်ကြရအောင်။ File size…(1.63GB)  / (837MB) / (483MB) Quality…. ...
movie

I Still Know What You Did Last Summer (1998)

Can’t Hardly Wait (2022) 6.5
Can’t Hardly Wait (2022) 1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။File size…(2.49GB)  / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan ...
movie

Can’t Hardly Wait (2022)

I Know What You Did Last Summer (1997) 5.7
I Know What You Did Last Summer (1997) I know what you did last summer (1997) ========================အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့...  သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။ ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့တယ်ဆိုတာပဲ။ကားလျှောက်ပတ်မောင်းရင်း လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။" မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် " ဆိုပြီးတော့ပေါ့။ အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ ...
movie

I Know What You Did Last Summer (1997)

1997
Tropic Thunder (2008) 7.0
Tropic Thunder (2008) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr...Night at The Museum မင်းသားကြီး Ben Stiller...ဂါလီဗာ မင်းသားကြီး Jack Black...မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။ IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။  File Size…(900 MB) and (400 MB)Quality…BluRay Rip ...
movie

Tropic Thunder (2008)

2008