Channel Myanmar

Jennifer Connelly

Inventing the Abbotts (1997) 6.4
Inventing the Abbotts (1997) Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie

Inventing the Abbotts (1997)

1997
Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008
Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)

The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
The Rocketeer (1991) 6.4
The Rocketeer (1991) [ Unicode ]The Rocketeer (1991)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ဇာတ်ကြောင်းအကျဉ်းကတော့...1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါနာဇီတွေနဲ့ FBIအပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff ...
movie

The Rocketeer (1991)

1991
Dark City (1998) 7.7
Dark City (1998)      Dark City 1998IMDB 7.7 , Rotten Tamatoes 78% ရထားတဲ့ လျှို့ဝှက်ဆန်းကြယ်သိပ္ပံကားကောင်းလေးပါ. Knowing (2009) The Crow(1994), Gods of Egypt (2016) တို့လို နာမည်ကြီးကားကောင်းတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Alex Proyas ရဲ့ လက်ရာ ဖြစ်ပြီး မင်းသားကြီး Rufus Sewell နဲ့ အရမ်းလှတဲ့ မင်းသမီး မမ Jennifer Connelly တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲမှာ မမ က အပြုံးအရယ်အခန်းတွေ နည်းပြီး အမှိုင်ဇာတ်ရုပ်ဖြစ်ပေမယ့် လှမြဲလှနေဆဲပါ။ သူ သီချင်းဆိုတဲ့အခန်းလေးတွေ အားရဖို့ အရမ်းကောင်းချက်။ ဇာတ်လမ်းအကြောင်းက Mystery ဆန်လွန်းတော့ အပေါ်ယံလောက်ပဲ ပြောပြပါရစေ။ လူတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရုတ်တရက် နိုးလာတယ်။ သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်ရောက်နေမှန်းလဲ လုံးဝ မှတ်ညဏ်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်။ သူသိတာဆိုလို့ ဟိုတယ်မန်နေဂျာ သူ့ကို လှမ်းခေါ်တဲ့ မစ္စတာ ...
movie

Dark City (1998)

1998
He’s Just Not That Into You (2009) 6.4
He’s Just Not That Into You (2009) He’s Just Not That Into Youဒီဇာတ်လမ်းကတော့ ၂၀၀၉ တုန်းက ထွက်ထားတဲ့ အချစ်ဒရမ်မာဇာတ်မြူးလေးပါ။ ဒီကားမှာ လူငယ် ၉ ယောက်ရဲ့ အချစ်ရေးပြသနာတွေကို ပုံဖော်ထားတာကြောင့် မင်းသား မင်းသမီးတွေ စုံစုံလင်လင် တွေ့ရမှာပါ (ဆာဘတ်တောင် ပါသေးတယ် ?)။ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် Ben Affleck, Jennifer Aniston, Bradley Cooper, Jennifer Goodwin, Drew Barrymore, Scarlett Johanssဝn နဲ့ Justin Long တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။လက်တွေ့ဘဝမှာ လူငယ်တွေကြားဖြစ်ပျက်နေတဲ့ အချစ်ရေးပြသနာတွေကို ရိုက်ကူးထားတာမို့ relationship နဲ့ မကင်းနိုင်သူတိုင်း ကြည့်သင့်ပါတယ်။ မိန်းကလေးအတွေးနဲ့ ယောကျာ်းလေးဘက်က အတွေး မတူတာလေးတွေ၊ ဆောရန် ရှောင်ရန် လေးတွေပေါ့ ??? အချစ်စစ်ကိုလိုချင်ပေမဲ့ လူမှန်မတွေ့နိုင်ဘဲ အမြဲလွဲနေတဲ့ ...
movie


2009
Little Children (2006) 7.5
Little Children (2006) Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80%   လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie

Little Children (2006)

2006
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017