Channel Myanmar

Jennie Malone

Unsung Hero (2024)
Unsung Hero (2024) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က "For King&Country"ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ"ဒေးဗစ်"နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်File size…(1.6 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Drama, Music  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Unsung Hero (2024)

Wrong Turn (2021) 5.4
Wrong Turn (2021) Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie

Wrong Turn (2021)