Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jenna Kanell
7.0
Bad Boys: Ride or Die (2024)
ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie
Bad Boys: Ride or Die (2024)
4K HEVC
Faceless After Dark (2023)
Coulrophobia ဆိုတဲ့ clown တွေ လူပြက်တွေ၊ မျက်နှာမှာ ဆေးတွေခြယ် ပြုံးနေတဲ့ မျက်နှာကြီးနဲ့ လူတွေ အဲ့ပုံစံတွေကို ကြောက်ကြတဲ့ phobia တစ်ခုက လူတော်တော်များများမှာ ရှိကြတယ်။ ဒါပေမယ့် သည်ဇာတ်ကားမှာကတော့ အဲ့ဒီ့ clown တွေကို clown တွေ လူသတ်တဲ့ပုံစံအတိုင်း ပြန်သတ်ပြတာကို သေချာကြည့်ရမှာပဲ ဖြစ်ပါတယ်။ဘယ်လို clown တွေ ကို သတ်တာလဲ။ ဘာကြောင့် သတ်တာလဲ။ နောက်ခံက အကြောင်းတွေကကော ဘာတွေရှိမလဲ။ ပြီးတော့ ရုပ်ရှင်လောကနဲ့ လူမှုကွန်ရက်က ပုပ်ပွနေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သွေးတွေသံတွေနဲ့ တသသ ကြည့်ရမယ့် ဇာတ်ကားမျိုးကို ကြည့်ချင်ရင်တော့ ခုဇာတ်ကားက အကြည့်သင့်ဆုံးကားပဲ ဖြစ်ပါတယ်။File size…(1.1 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Faceless After Dark (2023)
Night of the Missing (2023)
Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကိုအပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီးတိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာတစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့်သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့်စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကသူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာသဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကိုသည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား..သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား..ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား..တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ..နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ..စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့တိုတိုတုတ်တုတ်နဲ့ ...
movie
Night of the Missing (2023)
6.1
The Front Runner (2018)
Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie
The Front Runner (2018)
6.7
Renfield(2023)
Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie
Renfield(2023)
4K HEVC
6.7
Terrifier 2 (2022)
Terrifier 2 (2022)~ IMDb - 6.7/10, RT - 89%, Meta - 66% ~(သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေက အတော်ကြမ်းလို့ အသည်းငယ်တတ်သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်)တကယ်တမ်း ဒီနှစ်ရဲ့ နှစ်လယ်ဟာ Horror ဇာတ်ကားကောင်းတွေချည်းဆက်တိုက်ထွက်ပြီး Box Office မှာ မင်းမူခဲ့တဲ့ကာလပါပဲ။ A24 ဆိုလည်း X ဟာ အကြီးအကျယ် ချီးကျူးခံခဲ့ရပြီး နောက်ပိုင်းထွက် Men တို့၊ Bodies Bodies Bodies တို့လည်း နာမည်ရခဲ့ပါတယ်။ အရင်လကုန်မှ ရုံတင်ခဲ့တဲ့ Smile ဆိုလည်း ပရိုမိုးရှင်းအလန်းတွေလုပ်ခဲ့တာနဲ့လည်း တန်အောင် BO Results တွေလည်း ကောင်းနေတယ်။ ဒီကြားထဲမှာလည်း Men, Bodies Bodies Bodies, Pearl, Nope, Fresh, Barbarian စတဲ့ ...
movie
Terrifier 2 (2022)
2022
5.6
Terrifier (2016)
Terrifier(2016)ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ... Translated by ; Pyi T NyeinEncoded by YKQuality : 1080p Blu-Rayx264 and 720pFile Size : 1.8GB and ...
movie
Terrifier (2016)
2016