Channel Myanmar

Jeffry Wickham

Vera Drake (2004)
Vera Drake (2004) ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Vera Drake (2004)

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)