Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jefferson Tshabalala
Big Nunu’s Little Heist (2023)
ဇာတ်လမ်းအကျဉ်းလေးကတော့တောင်အာဖရိက ကစဂေါ့ဒဖိုလာဆိုတဲ့မြို့လေးဟာ တစ်ချိန်က စက်ရုံတစ်ရုံကြောင့်စားဝတ်နေရေး ချောင်လည်ကြပြီး မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေကြပါတယ်၊တစ်နေ့မှာ အခြေအနေအကြောင်းကြောင်းကြောင့် စက်ရုံကိုပိတ်ဖို့ဖြစ်လာတော့အလုပ်လက်မဲ့သူတွေများလာပြီး ရာဇဝတ်သမားတွေလည်း ပေါလာပါတော့တယ်၃၆ ဆိုတဲ့အလုပ်သမားလေးဟာ အရက်ဆိုင်တစ်ခုကို မီးဖိုလာပို့ရင်းနဲ့ ဆိုင်ရှေ့မှာတင်အခိုးခံလိုက်ရတယ်၊ ဒါကိုမကျေနပ်တဲ့အတွက် ဘယ်သူတွေခိုးတာလဲ သူတို့ကဘယ်မှာနေတာလဲဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကိုသွားမေးတယ်၊ ဆိုင်ရှင်ကတော့လိုက်မသွားသင့်ကြောင်း သူတို့ကအန္တရာယ်များကြောင်းပြောပေမယ့် လက်မခံတဲ့အဆုံးမှာ လူမိုက်တွေရှိတဲ့နေရာကိုပြောပြလိုက်တယ်၊ သတ္တိရှိတဲ့ ၃၆ ဟာတစ်ကိုယ်တည်း လူမိုက်တွေနေရာမှာ သွားကြမ်းပြလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့ပွန်ဆူနူနူဟာ သူ့ကိုသဘောကျသွားပြီး ပိတ်ရက်အတွင်းမှာ ချမ်းသာစေမယ့် လုပ်ငန်းတစ်ခုရှိကြောင်းပြောလိုက်တယ်၊ ပစ္စည်းပို့တဲ့အလုပ်ထက်ပိုက်ဆံအများကြီးရမယ့်အလုပ်ဆိုတော့ ၃၆ လည်းစိတ်ဝင်စားပြီးလက်ခံလိုက်တယ်၊ ပွန်ဆူနူနူနဲ့ ၃၆ တို့ ဘာတွေလုပ်ပြီးပိုက်ဆံရှာကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.63GB / 681MB Quality…NF WED-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Big Nunu’s Little Heist (2023)
6.7
Do Your Worst(2023)
Do Your Worst(2023)*******************ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေးကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော်လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီးမိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျားဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာတည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။ အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါးရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေတစ်လှေကြီးနဲ့ပါ။ ...
movie
Do Your Worst(2023)