Channel Myanmar

Jeff Ross

Half Baked: Totally High (2024)
Half Baked: Totally High (2024)   စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Half Baked: Totally High (2024)

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

Comedy Central Roast of Bruce Willis(2018) 6.7
Comedy Central Roast of Bruce Willis(2018) Comedy Central Roast of Bruce Willis(2018)(unicode)အခုတင်ဆက်ပေးမှာကတော့ ရုပ်ရှင်ချစ်ပရိတ်သတ်တိုင်း မသိသူမရှိလောက်တဲ့ ‘Die Hard’ မင်းသားကြီး ဘရုစ်ဝီလစ်ကို အမှန်အကန် တိုက်ခိုက်ပြီး ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ‘Comedy Central Roast’ လို့ခေါ်ပြီးတော့ ဟောလိဝုဒ်က နာမည်ကျော်တွေ တက်ရောက်ကာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ကို တည်ပြီး မြှောက်ပေးသလိုလိုနဲ့ အားရပါးရ အောက်ကိုရိုက်ချကာ ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဘရုစ်မတိုင်ခင် ဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့်က အတိုက်ခိုက်ခံ တင်ဆက်ခဲ့ပြီးတော့မှ သမ္မတာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဘရုစ်နဲ့ ရင်းနီးတဲ့ အနုပညာလောကက လူတွေက သူ့ကိုအမျိုးမျိုး ဖောင်းထုပြီး ဟာသလုပ်ထားတာကို ရီမောခံစားရမှာပါ။ ဒီဘိုးတော်ကြီးရဲ့ကားတွေရင်းနှီးလေ ပိုပြီး ကြည့်လို့ကောင်း ရယ်လို့ကောင်းလေဖြစ်တဲ့အပြင် အခြားနာမည်ကျော်မင်း သားမင်းသမီးတွေကိုလည်း တစ်ပြိုင်နက်ဆုံစည်းရမှာဖြစ်ပါတယ်.... တော်တော်ကို ပွင့်လင်းစွာပြောဆိုတာဖြစ်တဲ့အတွက် စကားလုံးတွေကတော့ အနည်းငယ်ကြမ်းနိုင်ပါတယ် ...တချို့ဟာသတွေက သမိုင်းနဲ့ချီစဉ်းစားရတဲ့အတွက် သူ့အမာခံပရိသတ်တွေအတွက်ဆို ပိုပြီးဟာသမြောက်မှာပါ။ ပြီးတော့ ခင်ဗျားတို့ ဒီကားကြည့်ရင် ပျင်းစရာများကောင်းနေမလားဆိုတဲ့သံသယအတွေးကို ဟိုး ...
movie

Comedy Central Roast of Bruce Willis(2018)