Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeff Hochendoner
5.8
The Deliverance (2024)
လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie
The Deliverance (2024)
5.4
My Bloody Valentine (2009)
My Bloody Valentine (2009) =====================ဟောလိုးဝင်းနဲ့လိုက်မယ့် အတော်အသင့် ခြောက်ခြားစရာ ရုပ်ရှင်တစ်ကားကို ရွေးကြည့်မယ်ဆိုရင် My Bloody Valentineက မဆိုးတဲ့ကားပါပဲ။SuperNaturalရဲ့ Dean Winchester , Jesen Ackelesရဲ့ Box Officeမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်တယ်။ SuperNatural အစောပိုင်းကာလနဲ့ ခပ်ဆင်ဆင်အရသာလိုချင်တဲ့ Dean ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ့် ကားမျိုးလည်းဟုတ်တယ်။တစ်ခုရှိတာက ဒီရုပ်ရှင်က Slasher filmပါ။ ပြောရရင်တော့ ချွန်ထက်တဲ့လက်နက်တွေနဲ့ ခန္ဓာကိုယ်ကို ဟက်တက်ခွဲ လူသတ်တာတွေပြတဲ့ Horror Filmတစ်မျိူးပါပဲ။ အရမ်းကြီးတော့ ကြောက်ဖို့မကောင်းလှပါဘူး။ ခေါင်းကို ကိတ်မုန့်ခွဲသလို ပါးစပ်ကနေ ဂေါ်ပြားထိုးစိုက်ပြီး လှီးပစ်တာလောက်ပဲပါပါတယ်။အားနည်းချက်ကတော့ တရားခံကိုထင်ယောင် ထင်မှားဖြစ်အောင် ပတ်ပြပြီး Plot twistလေး ထည့်ထားပေမယ့် ဇာတ်ကြောင်းအရ တရားခံကသိသာလွန်းနေတာပါပဲ။ တရားခံကို ဖုံးဖို့ အားစိုက်မကြိုးစားဘဲ ဒီအတိုင်းရေလိုက်ငါးလိုက်လေး ထားလိုက်ရင် ဒီကားရဲ့ Ratingက ဒီထက်ပိုကောင်းသွားမှာပါ။ Box officeမှာ အောင်မြင်တယ်ဆိုတော့ အများစုတော့ ကြိုက်ကြပုံပါပဲ။Jesen ...
movie
My Bloody Valentine (2009)
6.8
Unstoppable (2010)
IMDb Rating(6.8) / Rotten Tomatoes (87%)မင်းသားကြီးဒန်ဇယ်ဝါရှင်တန်ရဲ့ဇာတ်ကားဆိုတော့ ရုပ်တည်ကြီးနဲ့အလေးအနက်ခံစားရမယ့်ဇာတ်ကားဆိုတာ မှန်းမိနေမှာပါ။Chris Pine တို့...Rosario Dawson တို့လဲ ပါသေးတယ်..ဇာတ်လမ်းကတော့...လူမပါဘဲလွတ်ထွက်သွားတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ပြင်းပြင်းရထားကြီးကို ရပ်တန့်အောင် လိုက်လုပ်ရမှာပါ...ပြောတော့တာ လွယ်ပေမယ့် တကယ်ကြည့်လိုက်ရင်ကိုယ်တိုင်ပါ အသက်ရှူရပ်မတန့် ဖြစ်သွားရမယ့် အခိုက်အတန့်တွေအများကြီးပါပဲ...Rating တွေလဲ မြင့်သလို တကယ်လဲမိုက်တဲ့ဇာတ်ကားမို့ လက်လွတ်ခံလို့မဖြစ်ပါဘူး။ File size…(1.7 GB) / (999 MB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:38:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Min Aung(MMA)
movie
Unstoppable (2010)
8.2
Warrior(2011)
Warrior(2011) အညွှန်း*******************IMDb Rating ......... 8.2/10Rotten Tomatoes ......... 83%((အလန်းစားကားမို့ 1080P5.1CH ပါ လုပ်ပေးထားပါတယ်...)) အရက်စွဲရာမှ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ "ပက်ဒီ" ဆီကို..... နှစ်ပေါင်းများစွာ ခွဲခွာသွားပြီး သူ့ကိုစိတ်နာနေခဲ့တဲ့ သားဖြစ်သူ မရိန်းတပ်သားဟောင်း တွန်မီ ရောက်လာပြီးတော့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်... ပက်ဒီ တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်... ပက်ဒီ မှာ တွန်မီ လိုပဲ သူ့ကိုအသိအမှတ်မပြုဘဲ စိတ်နာနေတဲ့ ဘရန်ဒန် ဆိုတဲ့....(လက်ဝှေ့သမား ဘ၀မှ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့) အိမ်ထောင်သည် သားတစ်ယောက်လည်းရှိနေပါသေးတယ်... ဘရန်ဒန် ကတော့ ရောဂါသည်သမီးငယ်ရဲ့ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ ...
movie
Warrior(2011)
7.4
The Next Three Days(2010)
IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie
The Next Three Days(2010)
2010
6.1
I Am Number Four (2011)
ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲကပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ ။တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five,""The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ် ။ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး ။ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကိုလိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ ။ကလေးတွေဟာ သူတို့ကိုယ် သူတို့ ဂြိုလ်သားဖြစ်တယ် ၊စွမ်းအားရှိတယ်ဆိုတာ မသိရပါဘူး ။အရွယ်ရောက်လာရင် သူ့အလိုလို စွမ်းအားတွေ ထွက်ပေါ်လာတတ်တယ် ။အဲဒိလို ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် Mogadorian တွေကိုသူတို့ဘယ်မှာရှိတယ်ဆိုတာ ပြသမိသလို ဖြစ်ဖြစ်သွားပါတယ် ။.Mogadorian ...
movie
I Am Number Four (2011)
2011
8.2
Warrior (2011)
Warrior (2011) IMDb - 8.2/10_____Rotten - 83% အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီးကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ "စပါတာ"ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ ...
movie
Warrior (2011)
2011