Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeff Burrell
6.4
A Cure for Wellness (2016)
A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie
A Cure for Wellness (2016)
7.0
Jack Strong (2014)
ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ..... Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie
Jack Strong (2014)
2014
7.2
The Ghost Writer(2010)
The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… File Size :(1.9GB) (714 MB) and (245 MB) Quality : ...
movie
The Ghost Writer(2010)
6.9
[21+] Nymphomaniac: Vol. I (2013)
[21+] Nymphomaniac Vol.1 (2013)Ratingအမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည်းရထားတဲ့ Adult Art film တစ်ခုဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ကားဖြစ်ပါတယ်။လမ်းထဲမှာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ဦးလေးကြီးတစ်ယောက်က ကူညီပြီးသူ့အိမ်ကိုခေါ်သွားရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလဲလို့မေးတဲ့အခါ မိန်းကလေးက သူ့ဘဝဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပါတော့တယ်။ (သူ့ဇာတ်လမ်းကို chapter 8ခန်းခွဲထားပြီး ဒီvol 1မှာတော့ 4ခန်းပါဝင်ပြီး နောက်4ခန်းကိုတော့ vol2မှာ ကြည့်ရှုရမှာပါ။) သူ့နာမည်ကတော့ ဂျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက ကာမစိတ် လွန်ကဲနေသူဖြစ်လို့ ကိုယ့်ကိုယ်ကို အပျက်မ၊ အပြစ်ရှိသူလို့ ခံယူထားတာပဲဖြစ်ပါတယ်။သူရဲ့ ငယ်ဘဝကတည်းက ဘယ်လိုထန်ခဲ့ပုံ ... ယောင်္ကျားတွေနဲ့ ဘယ်လိုကစားခဲ့ပုံ ... သူရဲ့ အထီးကျန်လှတဲ့ ဘဝကို ယောက်ျားတွေနဲ့ ဖြေသိမ့်နေရပုံ ... တစ်ညတစ်ည ၁၀ ယောက်လောက်နဲ့ အလှူပေးပုံတို့ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားပါတယ်။ကိုးရီးယား 18+ တွေလို အားတိုင်းကြဲနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဆန်ဆန် ...
movie
[21+] Nymphomaniac: Vol. I (2013)
6.0
Pets United(2020)
Pets United(2020) စက်ရုပ်တွေနဲ့ လည်ပတ်နေတဲ့ ရိုဘိုလို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်.... တစ်မြို့လုံးသက်မဲ့တွေနဲ့လုပ်ရှားသလိုဖြစ်နေတဲ့ ဒီနေရာမှာ လေလွင့်ခွေးလေး ရော်ဂျာအတွက် အတော်အဆင်မပြေလှ....လေလွင့်ခွေးတွေ လိုက်ဖမ်းတဲ့ စက်ရုပ်ရဲတွေရန်ကိုရှောင်ရ အသက်ဆက်ဖို့ အစာရှာရတာလည်းခက်လှကိုး... ဒီလိုအချိန်မှာ မြို့တော်ဝန်ဟာ ရိုဘိုမြို့ကနေ လူတွေအားလုံးကိုပြောင်းရွှေ့ဖို့အမိန့်ထုတ်လိုက်တယ်... ဒါ့ကြောင့် ရိုဘိုမြို့က အိမ်မွေးတိရစ္ဆာန်တွေ တော်တော်များများ အိမ်ခြေမဲ့တွေဖြစ်ကုန်ကြတယ်... မြို့တော်ဝန်မှာ မသာမာမှုပေါင်းများစွာရှိနေနိုင်တာကို ခန့်မှန်းမိတဲ့ ရော်ဂျာတို့ အဖွဲ့တွေဟာမထူးဇာတ်ခင်းပြီး မြို့တော်ဝန်ရဲ့လျှို့ဝှက်ချက်တွေနဲ့ အဖျက်အမှောင့်တွေကို စုံစမ်းပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်... File Size :(850MB) and (392 MB) Quality : WEB-DL 720p Format…mp4 Duration…01:29:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie
Pets United(2020)
7.1
Race (2016)
Race (2016) IMDb - 7.1/10_____Rotten - 62% ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။ (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်) File Size : 952 MB Quality : Blu ray 720P Running Time : 2hr 14 minute Format : Mp4 Genre : Biography,Drama,sport Encoder : Joker.phs
movie
Race (2016)
2016