Channel Myanmar

Jeff Bridges

A Dog Year (2009) 6.0
A Dog Year (2009)  ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie

A Dog Year (2009)

The Door in the Floor (2004)
The Door in the Floor (2004) သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(837 MB) Quality….Webrip  720p Format…mp4 Duration….01:51:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Door in the Floor (2004)

Tideland (2005)
Tideland (2005)  IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် ...
movie

Tideland (2005)

The Only Living Boy in New York (2017) 6.3
The Only Living Boy in New York (2017) The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie

The Only Living Boy in New York (2017)

2017
The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

The Fabulous Baker Boys (1989)
The Fabulous Baker Boys (1989) IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့‌နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ‌လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie

The Fabulous Baker Boys (1989)

Arlington Road (1999)
Arlington Road (1999)  Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

Arlington Road (1999)

K-PAX(2001) 7.4
K-PAX(2001) K-PAX(2001)အညွှန်း******************Kevin Spacey ရဲ့ အလန်းများစွာထဲက တစ်ကားဖြစ်ပါတယ်..သူ့ကိုယ်သူ လိုင်ရာကြယ်စင်စုအတွင်းက K-PAXဆိုတဲ့ ဂြိုလ်တစ်လုံးကနေအလင်းခရီးသွားပြီး ကမ္ဘာမြေကိုရောက်လာသူတစ်ယောက်အဖြစ်အခိုင်အမာပြောဆိုနေတဲ့သူတစ်ယောက် စိတ်ရောဂါကုဆေးရုံကိုရောက်ရှိလာပါတယ်....သူဟာတခြားလူနာတွေနဲ့မတူပဲ အမူအကျင့်တွေက ထူးဆန်းနေတာကြောင့်စိတ်ရောဂါကုဆရာဝန် မာခ့်ပိုဝဲလ်လည်း လူနာကို အရမ်းစိတ်ဝင်စားသွားပါ‌တော့တယ်... K-PAXကနေလာတယ်ဆိုတဲ့သူဟာ သူ့ရဲ့အကြောင်းပြချက်တွေသိပ္ပံနည်းကျအချက်အလက်တွေ ဘဝဇာတ်လမ်းတည်ဆောက်ပုံတွေကသံသယရှိစရာကောင်းပေမယ့် ယုံကြည်စရာလဲကောင်းနေပြန်တော့ဒီလူဟာတကယ်ပဲ တခြားဂြိုလ်ကလာတဲ့သူလားစိတ်ဝေဒနာရှင်တစ်ယောက်လာဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ်။  File Size :(2.3GB)(796MB) and (292MB) Quality :  WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Drama , Sci-FI Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae  
movie

K-PAX(2001)

Kingsman: The Golden Circle(2017) 7.7
Kingsman: The Golden Circle(2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင်နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကိုရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့Kingsman: The Secret Service ထက် မြုပ်ကွက်တွေပိုများပြီးAction Scene တွေကလဲ ကြည့်ရှူသူအကြိုက်တွေ့စေမှာသေချာပါတယ်။ဟာသလေးတွေရယ်၊ John Denver ...
movie

Kingsman: The Golden Circle(2017)

True Grit (2010) 7.6
True Grit (2010) True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie

True Grit (2010)

Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
The Big Lebowski(1998) 8.1
The Big Lebowski(1998) The Big Lebowski(1998)IMDB...8.1,,,,,Rotten....83%လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်....သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ...တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowskiပေါ့....တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကိုကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ခဲ့ပြီးတော့ ငွေညှစ်ဖို့လုပ်ပါတော့တယ်...ကံဆိုးတာကသူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowski   အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ ငပျင်းကြီးဟာကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်... သွားတောင်းစဉ်မှာပဲသူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်...ဘဲကြီးLebowskiအနေနဲ့ အရှုပ်ထုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု၁၇ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်....ကားသစ်တစ်ချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့ နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကMarTizasဖြစ်ပါတယ်...File Size : (950 MB) and (394 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre :  Comedy, Crime, Sport Subtitle : Myanmar Subtitle ...
movie

The Big Lebowski(1998)

Seabiscuit(2003) 7.3
Seabiscuit(2003) Seabiscuit(2003)IMDb....7.3,,,,Rotten....77%"ဆွဲထား...ထိန်းထား..." ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လူလေးယောက်လောက် မြင်းတစ်ကောင်ကို ဝရုန်းသုန်းကား လိုက်ထိန်းနေရတယ်...အားလုံး ဝိုင်းပြီး ထိန်းလိုက်နိုင်ချိန်မှာတော့ မြင်းပိုင်ရှင်ဖြစ်ပုံရတဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောတယ်...."...သတ်လိုက်တော့..." တဲ့ခြေတစ်ဖက်မှာ မဆိုသလောက်လေး ထိခိုက်ပြီး အရိုးအက်သွားတဲ့ မြင်းတစ်ကောင်ဟာ ပြိုင်မြင်းအဖြစ် ဆက်ပြိုင်ဖို့ မဖြစ်နိုင်သ လောက်ပါပဲ...အဲ့တာကြောင့်လည်း "သတ်လိုက်တော့" ဆိုတဲ့ စကား ခပ်လွယ်လွယ်ထွက်လာခဲ့တာပါ...ဒါပေမဲ့လည်း မြင်းတွေကိုချစ်မြတ်နိုးသူ မြင်းဝါသနာရှင်တစ်ယောက်က အဲ့ဒီအချိန်မှာပဲ အဲ့မြင်းကို ဖြတ်ဝယ်ခဲ့ပါတယ်...မြင်းလေးရဲ့ နာမည်ကတော့ Seabiscuit ပါ...ဒီမြင်းလေးဟာ ၀ယ်ပြီးတဲ့အချိန်မှာ တခြားမြင်းတွေနဲ့ မတူတဲ့ အရည်အချင်းတွေကို သွားတွေ့မိတယ်.... အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဒီဇာတ်ကားဟာ 1930-40 အတောအတွင်း နာမည်ကြီးခဲ့တဲ့ Seabiscuit ဆိုတဲ့ မြင်းလေးအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်...IMDbရော Rottenရော အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ အပြင် နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်နေလေတော့  မကောင်းမှာတော့ ပူမနေနဲ့ဗျို့.... အေးဆေးကြည့်လို့ရမယ့် အချိန်လေးမှာ ဒီကားကိုကြည့်စေချင်တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....File Size : (1 GB) ...
movie

Seabiscuit(2003)

2003
Bad Times at the El Royale (2018) 7.1
Bad Times at the El Royale (2018) Bad Times at the El Royale (2018) IMDb - 7.1/10_____Rotten - 75%အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါEl Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါသူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်သူကလဲ ဆေးကြောင်နေတာလိုလို ...
movie

Bad Times at the El Royale (2018)

2018
How to Lose Friends & Alienate People (2008) 6.4
How to Lose Friends & Alienate People (2008)  ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။)  File ...
movie


2008
TRON: Legacy (2010) 6.8
TRON: Legacy (2010) virtual world designer Kevin Flynn တယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ သားဖြစ်သူ Sam တယောက် ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာခဲ့ပါပြီAlan bradly တယောက် Samကို ဖခင်ဖြစ်သူရဲ့ ဗီဒီယိုထဲကနေ ထူးဆန်းတဲ့ ပေးပို့ချက်တခုကို ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်ဒီနောက်မှာတော့ Sam တယောက် ကွန်ပျုတာထဲကနေမှ ဖွက်ထားတဲ့ အောက်ခြေအဆင့်အပိုင်းကို ရှာတွေ့သွားတော့တဲ့နောက် ENCOM ရဲ့ အဓိက မိန်းဖရိန်နဲ့မဟုတ်ပဲ သက်သက်ကွဲထွက်နေတဲ့ အပိုင်း Grid ကနေ သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးတဲ့နောက် The Rinzler လို့ခေါ်တဲ့ ပရိုဂရမ်နဲ့ ယှဉ်ပြိုင်ဖို့ ဖိအားပေးခြင်းခံရပါတော့တယ်SAm တယောက်ထိခိုက်မိပြီး သွေးထွက်လာခဲ့တဲ့နောက် Rinzler က Samဟာလူသားဂိမ်းဆော့သူဖြစ်တယ်ဆိုတာ သိရှိသွားတဲ့အခါ ?ဒါ့အပြင် Grild ရဲ့ စည်းမျဉ်းပရိုဂရမ်ကို တပ်ဆင်ခဲ့သူက ဖခင်ဖြစ်သူ Kevin ...
movie

TRON: Legacy (2010)

2010
R.I.P.D. (2013) 5.6
R.I.P.D. (2013) R.I.P.D. (2013)_____IMDb - 5.6/10    ဒီကားကတော့ ၁၉ ၉ ဝ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်... Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်... သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်... R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်... ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်.... သူတို့ဟာ တကယ့်လူ့ဘဝထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်... ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်...     File Size : (760 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Action,Adventure,Comedy Encoded by Moe ...
movie

R.I.P.D. (2013)

2013
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017