Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeannetta Arnette
5.5
Sniper 3 (2004)
အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမားမာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခုဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံးဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူတာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကိုအသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စားစောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.92GB / 966MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Sniper 3 (2004)
7.5
Boys Don’t Cry (1999)
2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့...........LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / ...
movie
Boys Don’t Cry (1999)
7.0
Pineapple Express (2008)
IMDb Rating (7) / Rotten Tomatoes (68%)Peem Heaven ကွတ်ကီးစားလိုက်ရသလို ကွဲပြီးကောင်းနေတဲ့ ခံစားချက်မျိုးနဲ့ ဒီဇာတ်ကားက အပြဲကားပါ။Weed သောက်ရင်းကွဲတဲ့ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ အက်ရှင်အခွီဇာတ်ကားဖြစ်ပါတယ်။မင်းသားတွေကလဲ ဟာသနဲ့ရှယ်လိုက်ဖက်တဲ့ James Franco နဲ့ Seth Rogen တို့ အတွဲပါ..မင်းသမီး Amber Heard လဲ ပါပါသေးတယ်။ဇာတ်လမ်းကတော့...Dale တစ်ယောက် Pineapple Express လို့နာမည်ရတဲ့ ရှားပါး Weed တစ်မျိုးကို ဆေးခြောက်ရောင်းတဲ့ Saul ဆီကနေ ကြိုးစားပမ်းစား ဝယ်လာခဲ့ပါတယ်..ကံကဆိုးတော့ သူအလုပ်လုပ်နေတုန်းမှာ လူသတ်မှုတစ်ခုကို မြင်လိုက်ရပြီး အခင်းဖြစ်နေရာမှာ သူ့ရဲ့သောက်လက်စ လက်ကျန် မုန့်(Weed) ကိုပစ်ထားခဲ့မိပါတယ်။ဖြစ်ချင်တော့ အဲဒီလူသတ်သမားက တစ်မြို့လုံးကို ဒိုင်ခံပြီး ဆေးခြောက်ဖြန့်နေတဲ့ Ted ဖြစ်နေတော့ မျက်မြင်သက်သေဟာ Pineapple Express Weed နဲ့ဆက်စပ်တဲ့ကောင်မှန်း သိသွားပါတော့တယ်...Ted ...
movie
Pineapple Express (2008)
2008
7.2
Pay It Forward(2010)
Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie
Pay It Forward(2010)
2000