Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeanne Bates
7.2
Die Hard 2 (1990)
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard 2 (1990)
1990
4K HEVC
7.3
Eraserhead (1977)
Eraserhead (1977)~ IMDb - 7.3/10, Rotten Tomatoes - 91% ~ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ ...
movie
Eraserhead (1977)
1977
6.2
Dream Lover (1993)
IMDb Rating (6.2) / Rotten Tomatoes (57%)မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ...ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ...အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား....လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါဒီဇာတ်ကားဖြစ်လာတာပါပဲ...၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ...မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့...ခုကတော့ မင်းသမီး Mädchen Amick ပေါ့...သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်...ဇာတ်လမ်းကတော့..သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် ...သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာနောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်...သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ...ဒါပေမဲ့ လီနာ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ ...
movie
Dream Lover (1993)