Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeanette Miller
8.2
The Truman Show (1998)
The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
6.6
Austin Powers: The Spy Who Shagged Me (1999)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie
Austin Powers: The Spy Who Shagged Me (1999)
1999
HEVC 1080p 5.1
5.2
Legion (2010)
Legion (2010)______IMDb - 5.2/10 ဘုရားသခင်ကလူသားတွေအတွက် ပထမတစ်ခေါက်မျှော်လင့်ချက်ကုန်ဆုံးပြီး ယုံကြည်မှု့ကင်းမဲ့သွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုရေလွှမ်းမိုးမှု့ဖြစ်စေပြီးတော့ လူသားတွေကိုရှင်းလင်းခဲ့တယ် ပြီးတော့ နောဧကနေမှတစ်ဆင့် လူသားမျိုးနွယ်တွေကိုတစ်ဖန်ပြန်စတင်စေခဲ့တယ်။အခုဒီဇာတ်ကားထဲမှာလည်း ဘုရားသခင်ကလူသားတွေကို စိတ်ကုန်လာပြီးတော့ ယုံကြည်မှု့ပျောက်ဆုံးနေတဲ့အချိန်ကာလကနေစတင်ခဲ့ပါတယ်။ သူကပျက်ကပ်တစ်ခုကို စတင်ဖို့အတွက်အမိန့်ပေးထားပြီးနေပါပြီ။ အဲ့လိုအချိန်မှာပဲကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့ စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။ သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်သူ ဂျီပ်ကိုသူပြင်ခိုင်းထားရတဲ့ စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။ သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ် ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ် ပါစီဆိုတဲ့စားဖိုမှူးကြီးရယ်နဲ့လည်ပတ်နေတာပေါ့။ ဒီလိုနဲ့သူတို့တွေဟာဆိုရင် ဖုန်းလိုင်းတွေကော ရေဒီယိုလှိုင်းတွေကောဘာတစ်ခုမှအလုပ်မလုပ်ကြောင် းသတိထားမိလာခဲ့ရာကနေ အဘွားကြီးတစ်ယောက်ရောက်လာတဲ့အချိန်မှာ အကုန်ဗြောင်းဆန်ကုန်ပါတော့တယ်။ ဆက်လက်ခံစားကြည့်ရှုပါFile Size - 755 MB Quality - BrRip 720p Translated & Review By Mark Miller Encoded By LK
movie
Legion (2010)
2010