Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeanette Hain
7.5
Young Woman and the Sea (2024)
ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie
Young Woman and the Sea (2024)
4K HEVC
7.1
The Whistleblower (2010)
၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie
The Whistleblower (2010)
7.2
The Young Victoria (2009)
IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie
The Young Victoria (2009)
7.6
The Reader (2008)
IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie
The Reader (2008)
7.7
Never Look Away (2018)
အနုပညာဆိုတာ ဘာလဲ။ အနုပညာရှင်ဆိုတာ ဘာပါလဲ။နတ်ကြီးတဲ့မေးခွန်းတွေဖြစ်လို့ ကိုယ်တိုင်မဖြေရဲလို့ သူများ ပြောထားတာတွေပဲ ကိုးကားပါရစေ။ဂျာမန်လူမျိုး ပန်းပုဆရာ Wilhelm Lehmbruck ကတော့ အနုပညာပစ္စည်းတစ်ခုဆိုတာ လူသားတွေ စဖြစ်တည်တုန်းက ကမ္ဘာကြီးကိုမြင်ရသလို အသစ်အဆန်းဖြစ်နေရမယ် တဲ့။အဲဒီစကားကို သူ့ဘာသာရှိနေတုန်းကတော့မထူးခြားပေမဲ့ အနုပညာနဲ့ပေါင်းပြီး ခံစားတတ်တဲ့နှလုံးသားနဲ့ ကြည့်လိုက်တဲ့အချိန်မှာ တန်ဖိုးတစ်ခုရှိလာပြီး၊ ထူးခြားတဲ့ လှပမှုပါရှိနေတဲ့ အရာတစ်ခုဖြစ်လာပါတယ် လို့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကာ့တ် က ခံယူထားပါတယ်။အနုပညာရှင်ဆိုတာကရော ဒီဇာတ်ကားထဲကပဲ မှီငြမ်းပါမယ်။အနုပညာရှင်ဆိုတာ တခြားအရာအားလုံးနဲ့ အနုပညာဆိုရင် အနုပညာကိုရွေးကြတဲ့သူတွေပါတဲ့။လူတိုင်းအနုပညာရှင်ဖြစ်နိုင်ပါတယ်။အနုပညာကိုပဲရွေးဖို့လိုတာပါ။ပန်းချီ၊ ပန်းပု၊ ဂီတ ဘယ်အနုပညာကိုမဆို ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လွတ်လပ်လပ် အနုပညာကို ဖန်တီးကြတဲ့ သူတွေ နောက်တစ်မျိုးပြောရရင် အနုပညာကိုဖန်တီးရင်း ကမ္ဘာကြီးကနေလွတ်မြောက်နေကြသူတွေ လို့ပြောလို့ရတာပေါ့။ကိုယ့်ကိုကိုယ် လွတ်မြောက်အောင် ကြိုးစားရင်းနဲ့ ...
movie
Never Look Away (2018)
2018