Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jean-Luc Godard
7.7
Breathless (1960)
Breathless (1960)~ IMDb - 7.7/10, Rotten Tomatoes - 96% ~ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ...
movie
Breathless (1960)
1960
6.3
[18+] First Name: Carmen (1983)
First Name: Carmen (1983) Prénom CarmenIMDb Rating -6.3 ၊ Rotten Tomatoes -88%ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီက ကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင် ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့ ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာ စမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။ ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့ ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့ ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။ အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။(Dark Side Production မှ တင်ဆက်သည်။) File size…(2 GB)/ (1 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie
[18+] First Name: Carmen (1983)
8.1
The 400 Blows (1959)
The 400 Blows (1959)~ IMDb - 8.1/10, Rotten Tomatoes - 99% ~ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ...
movie
The 400 Blows (1959)
1959