Channel Myanmar

Jean-Hugues Anglade

Léon: The Professional (1994) 8.5
Léon: The Professional (1994) Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie

Léon: The Professional (1994)

1994
The Deep Dark (2023)
The Deep Dark (2023)  IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့...ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File ...
movie

The Deep Dark (2023)

Superwho? (2021) 6.1
Superwho? (2021) Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedyခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ...
movie

Superwho? (2021)

2021
La Femme Nikita (1990) 7.3
La Femme Nikita (1990) La Femme Nikita (1990)~ IMDb - 7.3/10, RT - 89%, Meta - 56% ~ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ...
movie

La Femme Nikita (1990)

1990
Betty Blue (1986) 18+ 7.3
Betty Blue (1986) 18+ တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ... Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ...
movie

Betty Blue (1986) 18+

Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

Maximum Risk (1996) 5.5
Maximum Risk (1996) မင်းသားကြီးဗန်ဒိန်းလို့ပြောလိုက်တာနဲ့ 90s born တွေရဲ့အသည်းစွဲမင်းသားကြီးဆိုတာလူတိုင်းသိကြမှာပါ။ ဗန်ဒိန်း၊အာနိုး၊ရမ်ဘို တို့ဆိုတာ ကျွန်တော်တို့ကလေးဘဝရဲ့အကြိုက်နှစ်သက်ခဲ့ရဆုံး အက်ရှင်မင်းသားကြီးတွေဆိုလည်း မမှားပါဘူး။ သူတို့တွေရဲ့ဇာတ်လမ်းဇာတ်ကွက်ပီပြင်မှု၊အက်ရှင်သရုပ်ပီပြင်မှုတွေဟာ သူတို့ကာလမှာတော့ သူတို့ဟာ legend ပါပဲဗျ။ ကြည့်ဖူးသူတွေလည်းပြန်လည်ကြည့်ရှုခံစားရအောင် မကြည့်ဖူးသူတွေအတွက်လည်းအသစ်ဖြစ်နေစေမယ့် ဒီတစ်ခါရွေးချယ်ထားတဲ့ကားလေးကတော့ ၁၉၉၆ မှာထွက်ရှိခဲ့တဲ့ မင်သားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ၁၉၉၆ ကထွက်ခဲ့တဲ့ကားသာဆိုပေမဲ့အရမ်းခေတ်ကွာတယ်လို့မခံစားရ‌စေဘဲ အလွန်ကြည့်လို့ကောင်းတဲ့အက်ရှင်ကားကောင်းတစ်ကားဆိုလည်းဟုတ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အယ်လိန်ဟာ အလွန်တော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူနဲ့ရုပ်ချင်းအရမ်းတူပြီး မွေးနေ့ပါတူနေတဲ့သူတစ်ယောက်မတော်တဆဖြစ်သေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ ထိုသူရဲ့နောက်ကြောင်းရာဇဝင်ကဘာလဲ နယူး‌ယောက်ရဲ့ရုရှားဂိုဏ်းတွေနဲ့ဘယ်လိုပက်သက်မိသွားမလဲ ဘယ်လိုဇာတ်ရှုပ်ဇာတ်ထွေးထဲရောက်ရှိသွားမလဲကို ဇာတ်လမ်းအဖွင့်ကစလို့အက်ရှင်ခန်းမြိုင်မြိုင်နဲ့ခံစားရဦးမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒေါင်းကြည့်ရတာနောင်တမရစေမယ့် မင်းသားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ အက်ရှင်ဇာတ်ကားဟောင်းလေးကိုလည်းကြည့်ရှုခံစားပေးလှည့်ပါဦးခင်ဗျာ။  File size…(1.9 GB) and (1 GB) Quality…Blu-Ray 1080p 5.1CH & 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by San Thu Aung
movie

Maximum Risk (1996)

Suburra (2015) 7.4
Suburra (2015) Suburra (2015) မြန်မာစာတန်းထိုးဒီကားတော့ အီတလီရုပ်ရှင်ကားပါ IMDB rating 7.5 ရှိတဲ့ကားလေးပါဇာတ်လမ်းကတော့နိုင်ငံရေးအရှုပ်အရှင်းတွေ ဂိုဏ်းစတားတွေအကြောင်းကိုရိုက်ထားတာပါဂိုဏ်းစတားတွေဆိုတော့အခြားကားတွေလိုတစ်ကားလုံးပစ်ခတ်နေတာမဟုတ်ပါဘူးဒီကားမှာတော့သေနတ်ပစ်ခန်းသုံး လေးခန်းပဲပါတယ် ဇာတ်လမ်းရဲ့အစမှာတော့ပါလီမန်အဖွဲ့ဝင်နိုင်ငံရေးသမား Malgradiတစ်ယောက်ဟိုတယ်မှာကောင်မလေးတွေနဲ့ပျော်ပါးနေတာ အဲ့ထဲကကောင်မလေးတစ်ယောက်မတော်တဆသေဆုံးသွားတာကစတာပဲ အလောင်းကိုဖျောက်ဖို့အတွက်Manfredi Anacleti ရဲ့ညီကိုအကူအညီတောင်းတယ် Manfredi Anacleti ရဲ့ညီဟာအဲ့ကိစ္စနဲ့ Malgradi ကိုခြိမ်းခြောက်ပြီးအခွင့်ရေးတောင်းတော့တာပဲMalgradi ဟာလုပ်မပေးချင်တာနဲ့ သူ့ပါလီမန်အဖွဲ့ဝင်တစ်ယောက်ဆီကအကူအညီတောင်းခဲ့တယ်အဲ့လူက OstiaကAureliano Adami ဆိုတဲ့လူကိုခေါ်ပြီးဆုံးမခိုင်းတဲ့အခါလက်လွန်သွားတယ်Manfredi Anacleti ဟာသူ့ညီသေဆုံးမှုအတွက်လက်စားချေဖို့လုပ်ပါတော့တယ်အဲ့အချိန်မှာ Ostiaမြစ်နားမှာရှိတဲ့မြို့မှာအလုပ်လုပ်နေတဲ့Samurai ဆိုတဲ့လူဟာသူ့လုပ်ဖော်ကိုင်ဖက် Malgradi နဲ့သူ့လူ Aureliano Adamiကိုကာကွယ်ဖို့လုပ်ပါတော့တယ်Samurai ကသူ့လုပ်ငန််းတွေကိုထိခိုက်လာမှာစိုးတဲ့အေးဆေးတည်ငြိမ်စွာဘယ်လိုဖြေရှင်းမလဲဆိုတာကတော့……Aureliano Adami ကရောသေမှာလား………Manfredi Anacleti ကရောလက်စားချေခွင့်ရမှာလား……………CM ပရိတ်သတ်ကြီးဆက်လက်ကြည့်ပေးပါဦးQty - 720p BlurayGern - Crime / ThrillerDuration-2 hr 14minSubtitle -MyanmarTranslator-Tin Myo LwinEncoder - Kyaw Ye Aung
movie

Suburra (2015)

2015