Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
JC Santos
6.7
Mallari (2023)
၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horrorအမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါအချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာအမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့သေချာပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက်လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန်ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုကနာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခုအကြောင်း ရိုက်ကူးပြသထားပါတယ်။၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီးမိခင်ကိုစားစေခဲ့ပါတယ်။၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey ...
movie
Mallari (2023)
A Cup of Flavor (2023)
A Cup of Flavor (2023)အချစ်ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲတဲ့။ ခါးသက်မှုနဲ့ ချိုမြိန်မှုတွဲဖက်နေတဲ့အရာပေါ့။ ကော်ဖီလိုပဲ စွဲလမ်းမှုပါပေးပါတယ်။ အချစ်ဆိုတာကို လူတွေဟာ သမိုင်းအဆက်ဆက် အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ ခုထိလဲ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး နောက်လဲ အဖြေရှာတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ အချစ်ဆိုတာ အချစ်လို့ပဲ သတ်မှတ်လိုက်ပါ။ အချစ်ဆိုတာကို လူတွေအများကြီးက အဓိပ္ပာယ်ဖွင့်ဆိုကြတယ် တင်စားကြတယ် ဖွဲ့နွဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှပြီးဆုံးတယ်ဆိုတာ မရှိပါဘူး။ လူတွေမှာ ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့ အချစ်ဆိုတာတည်ရှိနေမှာဖြစ်သလို အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ကဗျာတွေဟာလဲ အမြဲမရိုးနိုင်ဖြစ်နေဦးမှာပါ။ အချစ်ရဲ့အကြောင်းရာတွေကို ဇာတ်လမ်းဆင်ပြထားရတဲ့ ဇာတ်လမ်းလေးထဲမှာ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဖိလစ်ပိုင် အချစ်ကားလေးကိုလဲသဘောကျမိမှာအမှန်ပါပဲ။အစ်စီဆိုတဲ့ကောင်မလေးဟာ ဖိလစ်ပိုင်က ကော်ဖီတွေစိုက်တဲ့ နယ်မြို့လေးမှာ နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူတို့မြို့လေးက ကော်ဖီခြံတွေကို မနီလာကနေလာတဲ့ သူဌေးတွေက ဝယ်ထားပြီး အဲ့ကကော်ဖီစိုက်သူတွေကိုလဲ အလုပ်ပေးထားတော့ မိရိုးဖလာ ကော်ဖီစိုက်တဲ့ တောင်သူတွေခက်ခဲကုန်ကြတာပေါ့။ တောင်သူတွေတော်တော်များများကလဲ နယ်မြို့လေးမှာ မနေတော့ပဲ မနီလာမြို့ကြီးကိုတက်ပြီး ပိုက်ရှာဖို့ ထွက်ကုန်ကြတာပေါ့။ သူတို့မြို့လေးဟာ ခက်ခဲပြီး ဒေသခံတွေလဲ မရှိသလောက် ခြောက်ကပ်နေတာပေါ့။ ဒါပေမဲ့ အစ်စီမှာ အိပ်မက်တစ်ခုရှိပါတယ် သူတို့မြို့လေးကို တိုးတက်အောင်ကူညီမယ်ဆိုတဲ့အိပ်မက်ပေါ့။ တစ်နေ့မြို့ထဲကို လမ်းပျောက်ပြီးရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးနောက် အစ်စီရဲ့ဘဝလေးထဲ ဒီလူကဘယ်လိုပါဝင်ပတ်သက်လာမယ်ဆိုတာ ...
movie
A Cup of Flavor (2023)
2023
6.3
Wish You Were The One (2023)
Wish You Were The One (2023)~ IMDb - 6.3/10, MyDramaList - 7.5/10 ~လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ "အက်စရွတ်" ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။"အဲလစ်"ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှလေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ...
movie
Wish You Were The One (2023)
2023
Missed Connections (2023)
Missed connections (2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် အကျိုးရှိတဲ့ဇာတ်ကားလေးပါ။စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 829MB | 402MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae ...
movie
Missed Connections (2023)
2023
7.1
(18+) Tahan (2022)
(18+) Tahan (2022)ဈေးကြီးတဲ့ အချောအလှ ဇိမ်မယ်အကိတ်လေး အယ်လိစ်ဟာ အင်မတန် ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် အရမ်းကို လွှမ်းမိုးခြယ်လှယ်တဲ့ မိခင်ဖြစ်သူရဲ့ ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းမှုနဲ့ အမြတ်ထုတ် အသုံးချမှုတွေကို ခံခဲ့ရသူပါ။စပွန်ဆာ ဘဲတစ်ပွေ ရှိတဲ့အပြင် ဇိမ်မယ်အဖြစ် လုပ်ကိုင်ရင်း ရှာသမျှပိုက်ဆံတွေကို မိခင်ဖြစ်သူက လောင်းကစားလုပ်ရင်း သုံးဖြုန်းပစ်ပါ တယ်။ အယ်လိစ် ကိုယ်တိုင်ကလည်း ပိုက်ဆံ ဖောဖောသီသီနဲ့ရတဲ့ ဇိမ်မယ်အလုပ်ကို လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင် ဖြစ်နေပြီး ငယ်ငယ်ကတည်းက မိခင်ဖြစ်သူပေးတဲ့ စိတ်ဒဏ်ရာတွေကို အိပ်ရာထက်မှာ ယောက်ျားတွေနဲ့ ဖြေဖျောက်ရှာပါတယ်။စပွန်ဆာက ပေးထားတဲ့အိမ်ကို ယောက်ျားတွေခေါ်ပြီး ပျော်ပါးနေတာကို စပွန်ဆာဘဲက သိသွားတဲ့အခါမှာတော့ အယ်လိစ်ရဲ့ ဘဝကို လှိုင်းထန်စေမဲ့ ဘယ်လိုအရာတွေ ဖြစ်လာမလဲ ဆိုတာကို ရသစုံစုံနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးပါ။ဖိလစ်ပိုင် 18+ ဇာတ်ကားဆိုပေမဲ့ 18+ တင်မဟုတ်ဘဲ Drama, Thriller ဆန်ဆန်ပါ ...
movie
(18+) Tahan (2022)
2022
4.6
366 (2022)
366 (2022)ဖိလစ်ပိုင်အချစ်ကားတွေမှာ ဟိုးတုန်းကတော့ တော်တော်ဖီးလ်ရအောင် လုပ်တတ်တဲ့ကားကောင်းတွေရှိခဲ့ပါတယ်။ ဒီတစ်ခါလည်း ဖိလစ်ပိုင်တွေဟာ ပရိသတ်ကို ဖီးလ်ရအောင်လုပ်နိုင်တဲ့ ရုပ်ရှင်တစ်ကားထပ်ထုတ်လိုက်ပါတယ်။ အာရှရိတ်တင်တွေလည်း ကောင်းတဲ့ရုပ်ရှင်ပါပဲ။ အချစ်ကား အဆွေးကား ကြိုက်တဲ့သူတွေနဲ့ သင့်တော်တဲ့ဇာတ်လမ်းပါ။" ၃၆၅ " သံယောဇဉ်ဟာ တစ်ပင်ချင်းနွယ်တတ်သလို တစ်လွှာချင်းကြွေကျတတ်တဲ့အရာပေါ့။ လူတစ်ယောက်ကို သေသေချာချာချစ်မိဖို့ ၃၆၅ရက်လိုသလို လူတစ်ယောက်ကို သေသေချာချာမေ့ပစ်ဖို့လည်း ၃၆၅ရက်လိုတယ်တဲ့။ ဒီရုပ်ရှင်ဟာ လူ၂ယောက်ရဲ့ဘဝတွေ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်ကြတော့တဲ့အခါ မပိုင်ဆိုင်နိုင်တော့တဲ့ အချစ်တစ်ခုကို မေ့ပစ်ဖို့ ကြိုးစားကြတဲ့လူတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးနှင်းဆီကိုချစ်တတ်အောင် သင်ကြားပေးဖို့ပေါ့ စောင်းတွေက ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့ တစ်ညနေခင်းလုံး ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ အလွမ်းက ကျွတ်လွတ်ဖို့ မြူဆွယ်အားကောင်းကောင်း ကံတရားလှပတာလိုချင်ရဲ့ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့ နှင်းနဲ့ လောင်ကျွမ်းနေသူ ဆောင်းလေ.... ငါ့ကိုရှာဖွေဆဲ....မောင်သိန်းဇော်" ၃၆၆ "အချစ်မှာ ယုံယုံကြည်ကြည်လည်း မျှော်လင့်ဖူးကြတယ်။ မျှော်လင့်ချက်မဲ့တဲ့နေ့တို့လည်းရှိဖူးကြတယ်။ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်တော့တဲ့အခါတော့ လက်လွတ်တတ်ဖို့ သင်ယူခဲ့ကြတယ်။ တစ်ခါတလေကျ ချစ်ခြင်းဟာ ရှင်သန်ခြင်းပဲဖြစ်နေပြန်တော့ သတ်မှတ်ချက် ၃၆၅ကို ကျော်လွန်မျှော်လင့်ခဲ့မိကြတာတွေလည်းရှိတာပါပဲ။ ...
movie
366 (2022)
5.1
Adarna Gang (2022)
Adarna Gang (2022)ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေအနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကိုအမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK
movie
Adarna Gang (2022)
2022
7.1
Here and There (2021)
Here and There (2021)"သံယောဇဉ်တွေတော့ ရှိနေတယ် ချစ်သူတော့လည်း မဟုတ်ပြန်ဘူး""တစ်ယောက််အကြောင်း တစ်ယောက် အပြန်အလှန် ဖွင့်ဟနေမိကြတယ် အရင်းနှီးဆုံးသူတွေတော့လည်း မဟုတ်ပြန်ဘူး"ခံစားချက် တစ်ခုကတော့ မွေးဖွားနေတယ် ..... ဒါဟာ အချစ်လား မသေချာပြန်ဘူးလေလှိုင်းပေါ်က ဇာတ်လမ်းတစ်ပုဒ်ရယ်လို့ပဲ တင်စားရမလားCovid-19 ဆိုတဲ့ ဗိုင်းရပ်စ် ရဲ့ ရိုက်ခတ်မှုအောက်မှာ လူတိုင်းရဲ့ ကွန်းခိုရာက အင်တာနက်ဆိုတဲ့ အရာ ဖြစ်လာတယ်အထီးကျန်ဆန်သူတို့အဖို့ စိတ်အပန်းဖြေရာ ဖြစ်လာတယ်ချစ်ရသူတွေနဲ့ ဆက်သွယ်ကြတယ် ..... ချစ်သူဖြစ်လာမယ့်သူတွေနဲ့ ဆုံဆည်းခဲ့ကြတယ် ....လေလှိုင်းပေါ်က အချစ်ဟာ တည်မြဲပါ့မလားဆိုတဲ့ မေးခွန်းထက် ပို မေးချင်မိတဲ့အရာကလေလှိုင်းပေါ်ကနေ တကယ်ပဲ ချစ်မိသွားနိုင်လား ... ချစ်မိသွားရင်ရော ဘယ်လောက်ထိ နက်နဲမှာလဲတစ်ဘက်က နှစ်နှစ်ကာကာချစ်ပြီး တစ်ဖက်က ပေါ့ပေါ့တန်တန်ချစ်ခဲ့ရင်ရောနှစ်နှစ်ကာကာ ချစ်မိသူအဖို့ နာကျင်ရမှာလားသေချာတယ် ..... နာကျင်ရလိမ့်မယ်ဗျ"အချစ်ဆိုတာကတော့ နီးနီး ဝေးဝေး၊ ကြီးကြီးသေးသေး အချစ်ဟာ အချစ်ပါပဲ"တချို့ကတော့ ဆိုကြတယ် လေလှိုင်းပေါ်က အချစ်က မတည်မြဲဘူး မစစ်မှန်ဘူးသို့ပေမဲ့ လေလှိုင်းပေါ်က စပြီး သက်ဆုံးတိုင်သွားကြတာတွေလည်း ရှိနေကြပြန်ရောဒီတော့ ဒီကောင်လေးနဲ့ ကောင်မလေးရဲ့ လေလှိုင်းပေါ်က ...
movie
Here and There (2021)
2021
6.8
On Vodka, Beers, and Regrets(2020)
On Vodka, Beers, and Regrets(2020)Jane ကအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ကလေးဘဝတည်းက ပါရမီပါခဲ့သူပါ..ဒါပေမယ့် တခြားသရုပ်ဆောင်တစ်ယောက်နဲ့ ကောလဟာသတင်းထွက်ပြီးနောက်မှာတော့သူ့မရဲ့သရုပ်ဆောင်လမ်းကြောင်းပျက်စီးသွားခဲ့ရပါတယ်....အဲ့အချိန်ကစပြီး အရက်ကိုပိုမိုစွဲလန်းလာပြီး အချစ်ရေးမှာရော သူမရဲ့အနုပညာလမ်းကြောင်းမှာပါ...ဆုံးဖြတ်ချက်တွေမှားယွင်းချမှတ်ခဲ့ပြီး ပြဿနာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတော့တယ် ...တစ်နေ့မှာတော့ ဘားတစ်ခုမှာအရက်သောက်သောက်ရင်း Brisom ဆိုတဲ့ band ကအဆိုတော်လေး Francis ဆိုတဲ့လူနဲ့စတင်ဆုံတွေ့ခဲ့ပါတော့တယ် ...Francis ဟာသူမရဲ့ဘဝကိုအလင်းတန်းယူဆောင်လာပေးပြီး အမှောင်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ....အေးအေးလေးနဲ့ ဇာတ်လမ်းထဲစီးမြောခံစားသွားရမယ့် ဖိလစ်ပိုင်အချစ်ဇာတ်ကားလေးပါ...အရက်ဖူးစာလို့ပြောရမလားမသိ...ခံစားကြည့်ကြပါဉီး...File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
On Vodka, Beers, and Regrets(2020)