Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jayne Houdyshell
Maid in Manhattan (2002)
ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon
movie
Maid in Manhattan (2002)
7.1
Loving Leah (2009)
ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေးဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကိုနာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာအစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင်အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်းဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခုအထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ File size…2.01GB / ...
movie
Loving Leah (2009)
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
5.7
The Bounty Hunter(2010)
ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ...
movie
The Bounty Hunter(2010)
7.4
Garden State(2004)
Garden State(2004)================ ဒီဇာတ်ကားလေးကတော့ 2004 ခုနှစ်မှာထွက်ရှိထားပြီးActor ကတော့ Director Zach Braff ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး Director Zach Braff ကIndependent spirit award for best features ဆုရရှိခဲ့ပါတယ်Braff က ဒီဇာတ်ကားလေးက သူ့ရဲ့ တကယ့်ဘဝအတွေ့အကြုံကိုအခြေခံပြီးတော့ ရိုက်ကူးထားတယ်လို့သိရပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် 26 နှစ်အရွယ်မင်းသားရော waiter ရောလုပ်ပြီး ဘဝကိုရုန်းကန်နေရတဲ့Andrew Largeman ဆိုတဲ့ကောင်လေးက သူ့အမေသေသွားလို့သူ့ရဲ့ ဇာတိမြို့ New Jersey ကိုပြန်လာခဲ့တယ် ဇာတိမြို့ကိုပြန်လာအပြီးမှာ Andrew ရဲ့ဘဝထဲကို Samantha ဆိုတဲ့ကောင်မလေးရောက်လာပြီးတော့ Andrew ရဲ့ အဓိပ္ပာယ်မရှိတဲ့ဘဝအတွက် ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုဆက်ပြီး ကြည့်ရှူပေးပါဦးနော်..(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Duckkie ဖြစ်ပါတယ်) File size…988MB / 375MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ...
movie
Garden State(2004)
6.6
Causeway(2022)
IMDb 6.6 Rotten Tomatoes 87%မင်းသမီး ဂျနီဖာလောရန့်စ်ရဲ့ ရုပ်ရှင်အသစ်တစ်ကားကို Apple TV ကနေ တင်ဆက်လိုက်ပါပြီ။အာဖရန်နစ္စဂန်က စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်း ပေါက်ကွဲမှုထဲကိုယ်တိုင်ပါဝင်သွားခဲ့တဲ့ လင်စီက ဆေးခွင့်နဲ့ မွေးရပ်မြေဆီပြန်ရောက်လာခဲ့ပါတယ် ဦးနှောက်သွေးယိုစီးမှုခံစားနေရတဲ့သူမ ဆေးလည်းတစ်ဖက်ကုရင်း သူမပြန်သွားချင်တဲ့အလုပ်ခွင်ထဲပြန်ရောက်ဖို့ကြိုးစားနေသူပေါ့... ဂျိမ်းကတော့ ကားပြင်ဆရာပါလင်စီ့ကားကိုပြင်ပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားတော့ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း ဂျိမ်းမှာလည်းသူမလိုဖြစ်ရပ်ဆိုးရှိနေမှန်းသိသွားခဲ့တယ် ဒီလိုနဲ့ ခံစားချက်တူလူနှစ်ယောက်အချင်းချင်းဖေးမရင်း သူတို့သာမန်ဘဝကိုပြန်သွားကြပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.3GB) / (668MB) / (454MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yunni
movie
Causeway(2022)
6.5
Morning Glory (2010)
Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie
Morning Glory (2010)
2022
6.5
Changing Lanes (2002)
Changing Lanes (2002) ================= IMDb Rating - 6.5/10Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes ...
movie
Changing Lanes (2002)
6.5
The Humans(2021)
The Humans(2021) အညွှန်း*********************** ဒါကတော့ စီးမြောခံစားသက်ဝင်လို့ရတဲ့Drama ရုပ်ရှင်ကားတစ်ကားပါ။ပြဇာတ်ဆရာ Stephen Karamက သူ့ရဲ့Tony awardဆုရထားတဲ့ The Humansပြဇာတ်အပေါ်မှာပဲဇာတ်အိမ်တည်ပြီး ဒီကားကိုဒါရိုက်တာလုပ်ပြီးရိုက်ထားတာပါ။ဇာတ်လမ်းကတော့ ရည်းစားဖြစ်သူ ရစ်ချက်နဲ့ နယူးရောက်ကတိုက်ခန်းဟောင်းကို ပြောင်းနေတဲ့ဘရစ်ဆီကို ဘရစ်ရဲ့မိသားစု (ဘလိတ်ခ်မိသားစု)ကအလည်လာပြီးကျေးဇူးတော်နေ့ညကိုအတူကုန်ဆုံးတာကိုပဲ ကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့စိတ်ခြောက်ခြားစရာဖြစ်အောင် ခံစားချက်ကိုအသားပေးပြီး ရိုက်ပြထားတာပါ။ဘလိတ်ခ်မိသားစုမှာ စိတ်မမှန်တော့ပဲဝှီးချဲနဲ့နေနေရတဲ့အဖွားရယ်၊ အထက်တန်းကျောင်းမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့ပြီးစိတ်ခြောက်ခြားမှုတွေနဲ့အိပ်မက်ဆိုးတွေကိုရင်ဆိုင်နေရတဲ့ဖခင်ဖြစ်သူရယ်၊ မိသားစုကိုချစ်ခင်ပေမယ့် ကိုယ်တိုင်လည်းခံစားနေရတာတွေရှိတဲ့မိခင်ဖြစ်သူရယ်(သူကတော့ The Humansပြဇာတ်မှာ Tony Awardဆုရခဲ့တဲ့သူကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာပါ)ကအခြေကျရာမြို့လေးမှာပဲကျန်နေခဲ့ပြီး အေမီနဲ့ဘရစ်တို့ညီအစ်မကတော့မြို့ကြီးတွေဆီကိုအသီးသီးထွက်ခွာသွားခဲ့ကြသူတွေပေါ့။ ပုံမှန်မိသားစုလေးကညစာအတူစား၊လက်ဆောင်တွေဖောက်နဲ့ရယ်မောနေပေမယ့်လည်း ဝေးကွာနေခဲ့တဲ့မိသားစုဝင်တွေအကြားမှာ တင်းမာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ပြောမထွက်တဲ့အကြောင်းအရာတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေရှိနေတာကိုလှစ်ဟပြသထားတဲ့ဇာတ်ကားပါ။ The Humansဇာတ်ကားမှာ အဖွား၊ အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်နဲ့ဘရစ်ရဲ့ရည်းစား ရစ်ချက်ဆိုပြီး လူသားဇာတ်ကောင်ခြောက်ယောက်ပါပြီးတော့၇ယောက်မြောက်ဇာတ်ကောင်အဖြစ်ကိုတော့ ယိုယွင်းနေတဲ့တိုက်ခန်းကို ဒါရိုက်တာကရည်ညွှန်းပါတယ်တဲ့။ခံစားသက်ဝင်ကြပါဦးး.... File Size :(2.02GB) (998MB) and (380 MB) Quality : Web-Dl1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Drama Subtitle : Myanmar Subtitle ...
movie
The Humans(2021)
8.0
Little Women (2019)
unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie
Little Women (2019)
5.8
Downsizing (2017)
သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ၀င်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘ၀နေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ...
movie
Downsizing (2017)
2017