Channel Myanmar
Jayne Eastwood
The Santa Clause (1994)
The Santa Clause (1994)  Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie
The Santa Clause (1994)
Chicago (2002)
Chicago (2002)  IMDb - 7.2 Rt - 86%အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ...
movie
Chicago (2002)
Videodrome (1983) 7.2
Videodrome (1983)  IMDb rating - 7.2 ရထားပြီး Rotten tomato -83% ထိ ရထားတဲ့ Vidoedrome (1983) ဟာ Horror-SiFi ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေရဲ့ဖခင်ကြီးဖြစ်တဲ့ David Cronenberg ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်၊ Cast တွေအနေနဲ့ကလည်း Once Upon A Time in America, Casino စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိ Oscar ဆုရ ရုပ်ရှင်ကြီးဖြစ်တဲ့ Oppenheimer ရဲ့ တွဲဖက် ပရိုဂျူဆာကြီးဖြစ်တဲ့ James Woods က အဓိကဇာတ်ကောင် မက်စ်ရန် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ရုပ်မြင်သံကြားပရိုဂရမ်တစ်ခုကို ထုတ်လွှင့်နေတဲ့ ပရိုဂျူဆာ မက်စ်ရန်ဟာ ပရိတ်သတ်တွေအတွက် ထူးခြား ကွဲပြားတဲ့ ရသကိုပေးစွမ်းနိုင်ဖို့ လူကြီးဇာတ်လမ်းတွေကိုရှာဖွေရင်းက ဗီဒီရိုဒရုန်းဆိုတဲ့ ထူးဆန်းပြီး စက်ဆုပ်စရာ ဗီဒီယိုဖိုင်တစ်ခုကိုအမှတ်မထင်ကြည့်လိုက်မိရာမှ ...
movie
Videodrome (1983)
Buffaloed (2019) 6.2
Buffaloed (2019) 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island 
movie
Buffaloed (2019)
Baking All the Way (2022) 5.9
Baking All the Way (2022) Baking All the Way (2022) ===================ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို ...
movie
Baking All the Way (2022)
2022
Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie
Hotel for the Holidays (2022)
Home Sweet Home Alone(2021)
Home Sweet Home Alone(2021) Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ Rem‌akeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်)   File size…970MB / 1.4GB Quality… 720 p  / 1080p WEB RIP X264 ...
movie
Home Sweet Home Alone(2021)
2021
Trigger Point (2021) 4.8
Trigger Point (2021) Trigger Point (2021)================IMDb Rating - 4.8/10Action, Thriller လူး၀စ်ဆိုတဲ့ လူတစ်ယောက်ဟာ အမေရိကန် မြို့လေးတစ်မြို့မှာ နေထိုင်တယ်၊ သူဟာ ဒီမြို့ရဲ့ သာမန်လူတွေထဲကတစ်ယောက်တော့ မဟုတ်ဘူး သူဟာ အတိတ်မေ့နေတဲ့ လူတစ်ယောက် နောက်ပြီး အတိတ်ဘ၀ကို မလိုချင်တော့တဲ့သူတစ်ယောက်၊ သူဘာကြောင့် ဒီဘ၀ကို ပြန်မလိုချင်ရတာလဲဆို သူဟာ အရင်က နီကိုးလပ်စ်ရှောလို့ အမည်ရတဲ့ပြဿနာတွေ ဒုက္ခတွေကြုံခဲ့ရတဲ့သူ ဖြစ်နေလို့ပါပဲ၊ သူအတိတ်မေ့ရခြင်းရဲ့ အကြောင်းရင်းကြီးပေါ့ ဒါပေမယ့် တစ်နေ့မှာအလိုက်စ် ကိန်းဆိုတဲ့ လူတစ်ယောက် လူး၀စ်ဆီ ရောက်လာပြီး သူပြန်မလိုချင်တဲ့ ဘ၀ထဲကို ပြန်ဆွဲခေါ်ပါတော့တယ်။အကြောင်းရင်းကတော့ သူ နီကိုးလပ်စ်ဘ၀က တာ၀န်ထမ်းဆောင်ခဲ့တဲ့ နေရာက မိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရပြီး အလိုက်စ်ရဲ့ သမီးဖြစ်သူ မော်နီကာဟာလည်း ပျောက်ဆုံးသွားပါတယ်။ ဒီတော့ နီးကိုးလပ်စ်နဲ့ အလိုက်စ်တို့၂ ယောက် ပူးပေါင်းပြီး ပျောက်သွားတဲ့ မော်နီကာကို ရှာရင်း အဖြေမပေါ်သေးတဲ့ ...
movie
Trigger Point (2021)
2021
Work It(2020) 6.7
Work It(2020) Work It(2020)August 7 ကမှ ပူပူနွေးနွေး Netflixက ထွက်ထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ကွင်းအက်ကာမန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာစာကြိုးစားပြီး GPA 4.0ရတဲ့ သိပ်တော်တဲ့ ကောင်မလေးတစ်ယောက်....Thunderbirds ဆိုတဲ့အကအဖွဲ့တစ်ခုမှာ မီးအလင်းအမှောင်ညှိပေးရတဲ့သူတစ်ယောက်..စာတော်တဲ့ကောင်မလေးဆိုတော့ သိတဲ့အတိုင်းမကတတ်ပေမဲ့ အဖွဲ့မယ်နေရာလေးတစ်ခုတော့ယူထားသူပေါ့...ဒီလိုနဲ့  Woodbright အထက်တန်းကျောင်းကြီးပြီးတော့မှာမလို့ တက္ကသိုလ်ရွေးကြတဲ့အခါမှာ ပြဿနာတစ်ခုကြောင့်သူ့ကိုအဖွဲ့က ထုတ်ခံလိုက်ရတယ်..ဒါအပြင့် ကတတ်မှ တက္ကသိုလ်တက်ရမယ့်အဖြစ်နဲ့ရက်ဆိုင်ရတဲ့အခါမှာတော့.... စာတွေနဲ့ပဲ နစ်မွန်းပြီး အကဆို တစ်လုံးမှမသိတဲ့ ကွင်းတစ်ယောက် ဘယ်လိုဆက်လုပ်ကြမလဲ??ကတတ်အောင်သူဘယ်လိုကြိုးစားမလဲ..သူ့ကိုပြဿနာဖြစ်စေတဲ့အကြောင်းကရော ဘာလဲ...ဒီလိုအခက်အခဲမျိုးစုံကို ဒီကောင်မလေးဘယ်လိုကျော်လွှားမလဲ....အထက်တန်းကျောင်းသားကားဆိုပေမယ့် ချစ်စရာမင်းသမီးလေးရယ်... သီချင်းအလန်းစားတွေ ကကွက်အလန်းစားတွေနဲ့မို့ဒီကားလေးကို ကြည့်ရင် နောင်တမရပါဘူးဆိုတာ အာမခံပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...File Size : (850 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:33:00 Genre :  Comdey , Music Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Work It(2020)
The Knight Before Christmas (2019) N/A
movie
2019
Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%    ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie
Dawn of the Dead (2004)
2004