Channel Myanmar

Jaycee Chan

Mulan: Rise of a Warrior (2009) 6.8
Mulan: Rise of a Warrior (2009) တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။...နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်...ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်...တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်...တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်...ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ...
movie

Mulan: Rise of a Warrior (2009)

2009
Railroad Tigers (2016) 5.8
Railroad Tigers (2016)  ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ)အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ.... File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Railroad Tigers (2016)

2016
Invisible Target(2007) 6.8
Invisible Target(2007) Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB)  (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Invisible Target(2007)

The Twins Effect II (Vampire Effect 2) (2004) 5.5
The Twins Effect II (Vampire Effect 2) (2004)   Twin Effect 2 မှာ​တော့ 1က သရုပ်​ဆောင်​တွေပဲ ပြန်ပါလာ​ပေမယ့် ဇာတ်​ကြောင်းလုံးဝကွဲပြားသလို သရုပ်​ဆောင်အသစ်​တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဇာတ်​ကြောင်းက​တော့ ​​ယောကျ်ား​တွေကို စိတ်နာ​နေတဲ့ အ​မေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာ​ရော ​မှော်အစွမ်း​တွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ​ ယောကျ်ား​တွေလို ​​ငွေဝယ်ကျွန်လို​ ​ရောင်းဝယ်​ဖောက်ကားကြပြီး မိန်းမ​တွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခု​ပေါ့။ ဒီလိုမျိုးအစွန်း​ရောက်​နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်း​​သော နည်းက​တော့ ကြယ်တာရာ သူရဲ​ကောင်းတစ်​ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။သူ့ကို​ ချေမှုန်းနိုင်မယ့်သူရှိတာ သိ​နေတဲ့ဘုရင်မက တိုင်းပြည်ထဲက ​​​ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲ​ကောင်းအ​လောင်းအလျာကို ရှာ​ဖွေ​နေခဲ့တာပါ။ ဒါ​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် အထက်ပါ သူရဲ​​ကောင်းက လွတ်​မြောက်​နေပြီး ​​နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်​တွေ့ဆုံပါ​တော့တယ်။ ထိုသူရဲ​ကောင်းက ...
movie

The Twins Effect II (Vampire Effect 2) (2004)

Good Night Beijing (2021) 5.3
Good Night Beijing (2021) Good Night Beijing (2021)မင်းသားကြီး Jackie Chan ရဲ့ သားဖြစ်သူ Jaycee Chan က ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ Good Night Beijing ဒရာမာဇာတ်ကား ထွက်ရှိလို့လာပါပြီချစ်သူနဲ့ရန်ဖြစ်ထားကြလား ? အိမ်နဲ့ခွဲပြီး အဝေးမှာအိမ်မက်ကိုရှာဖွေနေသူလား ? အချစ်ကိုယုံစားမိနေသူလား ?Good night Beijing က ကွက်တိကျမယ့်ကားကောင်းလေးတစ်ကား ဖြစ်မှာပါ။ပေကျင်းမြို့ကြီးက တရုတ်ပြည်ရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့အပြင် လူငယ်တော်တော်များများရဲ့ အိမ်မက်တွေ၊ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့မြို့တော်ကြီးဆိုလည်းမမှားပါဘူး။အလုပ်ကအရေးကြီးလား အချစ်ကအရေးကြီးလားဆိုရင် အလုပ်ရှိမှအေးဆေးချစ်နိုင်မယ်လို့ထင်ပြီး အလုပ်ဇောကပ်နေတဲ့သူနဲ့ ချစ်သူကအချိန်မပေးလို့အရွှဲ့တိုက်ရင်း အမြဲတမ်းရန်ဖြစ်နေရတဲ့ ပေကျင်းမြို့ပေါ်ကသာမန်စုံတွဲတစ်တွဲ။ရွာငယ်လေးဆီက မြို့ပေါ်တက်လာပြီး အဆိုတော်ဖြစ်ချင်တဲ့အိမ်မက်ကို ဆုပ်ကိုင်ထားတဲ့ တက်သစ်စလူငယ်လေးတစ်ဦး။ ကြိုးစားပေမယ့်လည်း လိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိဖို့ လိုအပ်ချက်တွေအရမ်းများလွန်းနေတဲ့ ပေကျင်းမြို့ပေါ်က သာမန်အဆိုတော်တစ်ယောက်။နိုက်ကလပ်တွေမှာ တစ်ညလုံးနေ၊ အရက်တွေတစ်ခွက်ပြီးတစ်ခွက်သောက်ရင်း အချစ်ကိုစောင့်ဆိုင်းနေတဲ့ ကောင်မလေး။ သူ့ချစ်သူဆီကို အလုပ်စွန့်၊ မိဘတွေကိုပါထားခဲ့ပြီး အချစ်ဆိုတာ ဇိမ်ခံပစ္စည်းလိုဖြစ်နေတဲ့ ပေကျင်းမြို့ပေါ်ကိုရောက်လာတဲ့ သာမာန်အချစ်ကြီးသူတစ်ယောက်။သာမာန်ဘဝပုံစံတွေ ရောစပ်ထားတဲ့ဒီကားလေးကတော့ သာမာန်မဟုတ်ဘူးဗျ။ နားကြပ်လေးတပ် ကိုယ့်ဘဝကိုယ်ပြန်စဉ်းစား... ချစ်သူရှိတဲ့သူဆိုရင်လည်း စိတ်ကူးယဉ်ကြည့်ပေါ့ဗျာ...တစ်ကွက်မဟုတ်တစ်ကွက်မှာ ရင်ထဲထိသွားပါလိမ့်မယ်။ ကြည်နူးသွားပါလိမ့်မယ်။ကဲဆက်ကြည့်လိုက်ပါတော့... နောက်ဆုံးနားလေးမှာ အထူးဧည့်သည်တစ်ယောက်ကိုပါ တွေ့ရပါလိမ့်မယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်Genre.....Drama Quality….WEB-DL ...
movie

Good Night Beijing (2021)

2021
Monk Comes Down the Mountain (2015) 5.5
Monk Comes Down the Mountain (2015)  Monk Comes Down The Mountain (2015)ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော်ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ်းလေးပါတာအိုဘုန်းကြီးကျောင်းက မြို့တွေနဲ့အဝေး တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး ဘုန်းကြီးကျောင်းသားတွေကို ကွန်ဖူးသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့နေရာပေါ့နောက်ပိုင်း အစားအသောက်ပြသနာကြောင့် တိုက်ခိုက်ပြီး ဘယ်သူဆက်နေရမလဲဆုံးဖြတ်ကြရတယ် ဒီလိုနဲ့ အပြင်လောကကိုခုမှတွေ့ကြုံဖူးတဲ့ခဲ့အန်းရှက တောင်အောက်ဆင်းဆင်းချင်း အစားအသောက်ကိစ္စနဲ့ပက်သက်ပြီးဒုက္ခရောက်ပါတော့တယ်ကြက်သားဟင်းကိုလုယူဖို့ကြိုးစားရာကနေ သနားစိတ်ဖြစ်မိပြီးအိမ်ခေါ်သွားတဲ့ သမားတော်ဆွေ့ခဲ့အန်းရှကလည်း တကယ့်ဆရာအရင်းလိုသဘောထားပြီး ပြုစုလုပ်ကိုင်ပေးပေမဲ့ ကံကြမ္မာကြောင့်ဝေးကွာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ သူဟာ အပြင်လောကမှာ ကြုံတွေရတဲ့ ပြသနာတွေ ဘယ်လိုရင်ဆိုင်မလဲသူ့ဆရာအတွက်ရော ဘယ်လိုလက်စားချေမလဲ ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့ကြပါ ။ခဲ့အန်းရှအဖြစ် Wang Bao Jiang သူဌေးကျားအဖြစ် Chang Chen ကျိုးချီရင်အဖြစ် Aaron kok ပန်ချင်းဝူအဖြစ် Yuen Wah သနားတေည်ဆွေ့အဖြစ် Fan Wei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__720p IMDb Rating__5.5/10 Format__mp4 Duration__02:00:00 Type__Action , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Monk Comes Down the Mountain (2015)

1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011