Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jay Simpson
Tuesday (2024)
A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ်ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre... Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Tuesday (2024)
8.1
Rush (2013)
Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie လေးကို recommend ပေးပါရစေ။ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး ...
movie
Rush (2013)
5.5
Age of Heroes (2011)
ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Age of Heroes (2011)
7.2
Wild Bill (2011)
ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ ...
movie
Wild Bill (2011)
The I Inside (2004)
ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The I Inside (2004)
6.5
Bull (2021)
Bull (2021) ဇာတ်လမ်းအညွှန်း ဒီတစ်ခါတော့ Thriller အမျိုးအစား ရုပ်ရှင်ကားကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။သွေးအေး ရက်စက်တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ဘူးလ်ဟာ သားဖြစ်သူကို ဆေးစွဲနေတဲ့ သူ့မိန်းမနဲ့ ခွဲထားဖို့ ကြိုးစားရာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ယောက္ခမ ဖြစ်သူနဲ့ ကတောက်ကဆ တွေ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လူမိုက်တွေရဲ့ ထုံးစံအတိုင်း ဘူးလ်ကို နှိပ်စက်ပြီးတဲ့နောက်မှာ ဝေဒနာကြီးစွာ ခံစားရပြီး သေသွားအောင် ပစ်ထားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဘူးလ်တစ်ယောက် အမှတ်မထင် ပြန်ပေါ်လာပြီး သူ့သားကို ပြန်ခေါ်နိုင်ဖို့နဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ ...နဂိုကတည်းက သွေးအေးရက်စက်ပါတယ်ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက် နာကျည်းချက်တွေနဲ့ လက်စားချေဖို့ အကြောင်းဖန်လာတဲ့အခါ ...ဘယ်လိုရက်စက်တဲ့ နည်းတွေ သုံးမလဲ?သားဖြစ်သူကို ပြန်ခေါ်ထားနိုင်ပ့ါမလား?ယောက္ခမနဲ့ မိန်းမတို့ကကော သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား? ဆိုတာကိုတော့ ရုပ်ရှင်ထဲ ဆက်လက် ကြည့်ရှုကြရအောင်ပါ။ File ...
movie
Bull (2021)
2021
8.0
Enola Holmes (2020)
ဒီကားလေးကို မျှော်နေတဲ့သူတွေ များမယ်ထင်ပါတယ်။ Stranger Things က အားလုံးရဲ့ အချစ်တော်လေးက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ အန်နိုလာ ဟုမ်းစ် ပါပဲ။ မိုက်ခရော့ ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။ အင်နိုလာ နဲ့ သူ့ရဲ့ အမေဟာ အင်နိုလာရဲ့ အဖေသေဆုံးပြီး ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ အိမ်ကြီးတစ်ခုထဲမှာ နှစ်ယောက်ထဲနေထိုင်ပြီး အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်က အင်နိုလာကို ပညာအစုံ သင်ပေးခဲ့ပါတယ်။ အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က အင်နိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ…. File Size - 1.74 gb Quality - web-dl 1080p Subtitle - burmese Translator - Little Neo Encoder - Thit San Khant
movie
Enola Holmes (2020)
2020
7.0
Brexit: The Uncivil War(2019)
Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie
Brexit: The Uncivil War(2019)
5.2
Terminal (2018)
ဒီကားလေးကတော့ Crime/Action ကားသစ်လေးဖြစ်ပြီး Herlay Quinn မင်းသမီး Margot Robbie ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့ မြို့လေးတစ်မြို့က mission တစ်ခုအတွက်လုပ်ဆောင်နေတဲ့ Assasin နှစ်ယောက်ကိုအခြေပြုထားတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့စိတ်ဝင်စားဖွယ်ဘဝအခြေအနေကိုတွေ့မြင်ရမှာပါ။လျို့ဝှက်ဆန်းကြယ်လှတဲ့ ဒုစရိုက်မှုတွေကိုအဓိကကြိုးကိုင်နေတဲ့ ဒုစရိုက်ခေါင်းဆောင်ကြီးနဲ့တွေ့ချိန်မှာတော့ သူတို့ဘဝဟာအကျဉ်းအကြပ်ထဲရောက်သွားပါတော့တယ်။ဒီတော့ Assasin နှစ်ယောက်ဘာဖြစ်မလဲ၊ဘယ်လိုမြုပ်ကွက်တွေရှိမလဲဆိုတာကိုတော့ Margot Robbie ရဲ့ မထီမဲ့မြင်သရုပ်ဆောင်ချက်တွေနဲအတူကြည့်ရှုလိုက်ပါဦး။(ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူပါ)File Size : (750 MB) and (360 MB) Quality : AMZN WEB-DL 720pRunning Time : 1hr 30minFormat : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by May Myat Thu Encoded by Thanhtike Zaw
movie
Terminal (2018)
2018