Channel Myanmar

Jay Chou

Secret (2007) 7.5
Secret (2007) Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူ‌လေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie

Secret (2007)

2007
The Green Hornet (2011) 5.8
The Green Hornet (2011) The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie

The Green Hornet (2011)

Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒါက ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ NYSM ရဲ့ အဆက်ဖြစ်ပါတယ်။ဒါရိုက်တာ Jon M, Chu က ရိုက်ကူးထားပြီးတော့ယခင်ကားက သရုပ်ဆောင်အကုန်နီးပါ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ယခင်ကားရဲ့ တိုက်ရိုက်အဆက် sequel ဖြစ်ပါတယ်။ပထမကားမှာလိုပဲ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်တဲ့လှည့်ကွက်ပေါ် လှည့်ကွက်ဆင့်တာတွေကို ထပ်ပြီး ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မြင်းစီးသမားတွေ လူတွေရှေ့ကိုပေါ်မလာတာ တစ်နှစ်လောက် ကြာသွားပါပြီ။မြင်းစီးသမားထဲက တစ်ယောက်ကလည်း နုတ်ထွက်သွားသလိုအဖွဲ့ဝင်တွေလည်း ပုန်းနေရတော့ စိတ်မကြည်မလင် ဖြစ်လာကြပြီ။ဒီမှာပဲ ပြန်လှုပ်ရှားကြဖို့ အကြောင်းဖန်လာတဲ့အခါပထမဆုံးပွဲမှာတင်ပဲ သေသွားကြောင်း ကြေညာထားတဲ့မြင်းစီးသမား မသေတဲ့အကြောင်း၊ ပဥ္စမမြင်းစီးသမားဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရပါတယ်။ အကုန်လုံး ဝရမ်းပြေးတွေဖြစ်ကုန်ရင်းနဲ့ ဘယ်သူဒီလိုထုတ်ဖော်လိုက်တာလဲ၊ ဘာကြောင့်လဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Rating တွေအနေနဲ့ IMDb 6.4 ရထားပြီးတော့NYSM 3 လည်း ထပ်ထွက်လာဦးမယ်လို့သတင်းထွက်ထားတာ ရှိပါတယ်။ File size…      6.5 GB /    ...
movie

Now You See Me 2 (2016)

2016
4K HEVCHDR
Initial D (2005) 6.3
Initial D (2005) Initial D (2005)~ IMDb rating - 6.3/10 ~ {Subtitles error fixed!!!} 1995 လောက်ကစထုတ်လွှင့်ခဲ့တဲ့ Initial D ဆိုတဲ့ Anime စီးရီးလေးကို ထိုင်ဝမ်အဆိုတော်မင်းသား Jay Chou ကပြန်လည်ရိုက်ကူးထားပြီး နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Anthony Wong နဲ့ Edison Chen တို့ပါဝင်အားဖြည့်ထားတဲ့ 2005 ခုနှစ်ထွက် တရုတ်-ဂျပန် ဖက်စပ် ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ...အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Takumi Fujiwara ဟာ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Itsuki ရဲ့ဖခင်ပိုင်တဲ့ Gas ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း သူ့ဖခင် Bunta Fujiwara ရဲ့ Toyota AE86 လေးနဲ့ Akina တောင်ပေါ်က အပန်းဖြေစခန်းတွေကို သူ့ဖခင်လုပ်တဲ့ တို့ဟူးတွေကို ပို့ပေးတဲ့အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကောင်လေးတစ်ယောက်...ကျောင်းသားလူငယ်ပီပီရင်ခုန်စရာဇာတ်လမ်းတွေရှိကြတဲ့အလျောက် Takumi မှာလည်း ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ Natsumi နဲ့ချစ်ဇာတ်လမ်းတွေအပြင်....တစ်ဖက်မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြိုင်ကားသမားဖြစ်ချင်တာကြောင့် ...
movie

Initial D (2005)

2005
10,000 Miles(2016) 5.5
10,000 Miles(2016) IMDB.....5.5 10,000 miles ရုပ်ရှင်ကားလေးကတော့ ၂၀၁၆ မှာထွက်ရှိခဲ့ပြီး ထိုင်ဝမ် drama အမျိုးအစားပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ငယ်စဉ်ကတည်းက ပြေးလွှားရခြင်းကိုသဘောကျခဲ့တဲ့ Kevin Feng ဆိုတဲ့လူငယ်ကလေးဟာ ကမ္ဘာ့အပြေးချန်ပီယံဖြစ်ဖို့ရည်မှန်းချက်ရှိခဲ့ပါတယ် သူ့ရဲ့အစ်ကိုဖြစ်သူ Sean ကတော့ သူ့မိသားစုအတွက် ငွေရှာရင်းလမ်းမှားကိုရောက်ခဲ့ရပါတယ် Kevin Feng တစ်ယောက် သူ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားရင်း သူ့ကိုလေ့ကျင့်ပေးတဲ့နည်းပြဆရာမ'ရီချင်း'ကို ချစ်မိသွားပါတယ် Kevin Feng ဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အဆင်မြင့်မာရသွန်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ကြမ်းတမ်းတဲ့ခရီးလမ်းကို အံတုရင်း Kevin Feng တစ်ယောက် ကမ္ဘာ့အပြေးချန်ပီယံဖြစ်လာမှာလား? မိဘမဲ့ကလေးကျောင်းအတွက် ကူညီထောက်ပံ့ပေးဖို့ဆန္ဒရှိတဲ့ 'ရီချင်း'ရဲ့အိပ်မက်ကိုရော ဘယ်လိုအကောင်အထည်ဖော်ပေးနိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်။ ဒီကားလေးက လူငယ်တွေအတွက် အတုယူစရာဇာတ်ကားလေးပါ...အလုပ်တစ်ခုလုပ်မယ်ဆိုအဆုံးစွန်ထိကြိုးစားကြည့် ဘာမှမကြိုးစားရင်ဘာမှမသိဘူး...ဘ၀တစ်ခုတည်ဆောက်ချိန်မှာ နာကျင်မှုတွေကြုံတွေ့စမြဲပါ နာကျင်မှုကိုပျော်မွေ့လိုက် ဇွဲမလျှော့နဲ့ဆိုတဲ့အကြောင်းလေးတွေကို အဓိကထားရိုက်ပြသွားပါတယ် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အချစ်အကြောင်းလေးတွေလည်းပါလို့ခံစားကြည့်လိုက်ပါဦးခင်ဗျဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Linn Khant ပဲဖြစ်ပါတယ်......File Size…(801MB) and (329MB) Quality…BluRay ...
movie

10,000 Miles(2016)

2016