Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Javier Gutiérrez
5.7
Assassin’s Creed (2016)
Assassin's Creed (2016)ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin's Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ...
movie
Assassin’s Creed (2016)
2016
4K HEVC
Extract (2009)
ဒီရုပ်ရှင်လေးကတော့ ၂၀၀၉ခုနစ်တုန်းကထွက်ရှိထားတဲ့ အင်ဒီ ဟာသရုပ်ရှင်ကားကောင်းလေးတကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ရုပ်ရှင်ဖြစ်တဲ့အတိုင်း ဇာတ်အိမ်ပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တော်တော်လေးမိုက်ပါတယ်။ဂျိုးဟာ အနှစ်ထုတ်တဲ့စက်ရုံတခုရဲ့ သကလ်လတ်အရွယ် ပိုင်ရှင်သူဌေးတယောက်ပါ။ ဂျိုးမှာ ဆူဇီလို့ခေါ်တဲ့ မိန်းမတယောက်ရှိပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဂျိုးရဲ့စက်ရုံမှာ အလုပ်သမားတယောက် မတော်တဆမှုတခုဖြစ်ပြီး ဝှေးစေ့တဖက်ကိုဆုံးရှုံးလိုက်ရပြီး ဂျိုးရဲ့ကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ရာကနေစလို့ သာယာနေတဲ့ စက်ရုံပိုင်ရှင်ဂျိုးတယောက် ဒုက္ခလှလှတွေ့ပါတော့တယ်။ဒါတင်မကသေးဘူး လိင်ကိစ္စငတ်မွတ်နေတဲ့ ဂျိုးဟာ စက်ရုံက အစမ်းခန့်၀န်ထမ်းကောင်မလေးတယောက်ဖြစ်တဲ့ စင်ဒီကိုလည်း စိတ်ကစားမိသွားပြီး သူငယ်ချင်းဖြစ်သူ ဘားပိုင်ရှင် ဒင်းရဲ့အကူအညီနဲ့ ဘ၀မှတခါမှမလုပ်ခဲ့ဖူးတဲ့ အကွက်ဆန်းတွေကိုထွင်ဖို့ ဆုံးဖြတ်မိလိုက်ပါတော့တယ်။ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ မရယ်ရတဲ့ဟာသတွေနဲ့ ကလိထိုးရယ်ခိုင်းနေတာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်ပိုင်းမှာ တော်တော်ကောင်းတဲ့အထဲပါပါတယ်။ အထူးသဖြင့် ဂျိုးနေရာမှာ ဂျေဆန်ဘိတ်မန်း ဂျိုးသူငယ်ချင်း ဘားပိုင်ရှင်နေရာမှာ ဘတ်မန်းမင်းသား ဘင်အက်ဖလက် တို့လို ဝါရင့်သရုပ်ဆောင်ကောင်းတွေကိုသုံးထားတာကြောင့် သရုပ်ဆောင်ချက်တွေက တော်တော်ပီပြင်ပါတယ်။ဒီလိုနဲ့ ဂျိုးတယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်အကြားကနေ သူ့ရဲ့ကုမ္ပဏီကို ကယ်တင်နိုင်ပါ့မလား၊ ...
movie
Extract (2009)
7.2
Marshland (2014)
MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့...... File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Marshland (2014)
6.4
The Occupant (2020)
လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…?အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကိုရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးကအိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေမရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင်ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေအမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်းဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင်မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြောစိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။ File size…1.04GB / 442MB Quality…WEB-Rip ...
movie
The Occupant (2020)
7.1
Prison 77 (2022)
Prison 77 (2022)~ IMDb - 7.1/10, Rotten Tomatoes - 100% ~ထောင်ဖောက်တဲ့ရုပ်ရှင်ပေမဲ့ ထောင်ဖောက်တဲ့ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်ပေါ့။ ၁၉၇၆ကနေ ၁၉၇၈ကြားမှာဖြစ်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်နာမည်က ထောင်, ၁၉၇၇။ ဒီခုနှစ်တွေက စပိန်သမိုင်းမှာ တော်တော်အရေးပါတဲ့ နှစ်တွေလို့ပြောရမယ်။ ဘာလို့ဆို ၁၉၃၉ကနေ ၁၉၇၅ အထိ စပိန်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ ဂျန်နရယ် Francisco Franco ဟာ ၁၉၇၅မှာ သေသွားတယ်။ ဒီနောက် စပိန်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီး တိုင်းပြည်ကို အသစ်က ပြန်တည်ဆောက်ခဲ့တယ်။ ဆိုတော့ ဒီကာလတွေဟာ စပိန် ဒီမိုကရေစီရဲ့ အရေးအပါဆုံး ကာလတွေလို့ပြောရင် မမှားဘူး။တိုင်းပြည်ကြီးက အကြီးအကျယ်ပြောင်းလဲနေတဲ့ကာလမှာ ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ လူတွေကလည်း တိုင်းပြည်ကြီး အသစ်ကပြန်စသလို သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အသစ်က ပြန်စခွင့်ပြုသင့်တယ်လို့ ...
movie
Prison 77 (2022)
2022
7.0
1898: Our Last Men in the Philippines(2016)
1898: Our Last Men in the Philippines(2016)*****************************************ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံးကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်းအားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ်တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
1898: Our Last Men in the Philippines(2016)
6.3
Below Zero – Bajocero (2021)
Below Zero (2021)===============IMDb Rating - 6.3/10 CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှာပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်းအဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံနေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်းသား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက ...
movie
Below Zero – Bajocero (2021)
2021
7.6
Mirage(2018)
Mirage(2018) IMDb....7.8 ၁၉၈၉ ခုနှစ်.... နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး... နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်.... တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့် သွားကြည့်မိတယ်...သွားကြည့်မိတာ နီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်.. နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်... သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့..... ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်... နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်.. အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့.... တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်... ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်.. ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ ကြည့်ရှုတဲ့သူဟာ "ဟာ" ခနဲတောင်ရေရွတ်မိမယ်ထင်တယ်...Tempo ကျသွားတာမရှိသလောက်ပဲ... မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်...sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်... ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ... ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်..... စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ...
movie
Mirage(2018)
2018
7.5
Champions (2018)
Champions(2018) ******************IMDb...7.3ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လဲတော်သလိုစိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီသူ့အသင်းကနည်းပြအချင်းချင်းသဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်..ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်...အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်..တိုက်တာကလဲရဲကားကိုမှလေ..အဲ့မှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့..လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲ့မှာဇာတ်လမ်းကစပြီ..မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေအများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့...ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး...ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ...။Translated by Zwel Zan Aung
movie
Champions (2018)
2018
5.6
Getaway Plan (2016)
သာမန်အနိမ့်စားဖောက်ထွင်းးရေးသမားတွေကိုအသုံးချပြီး ဖောက်ထွင်းဓားပြတိုက်တဲ့အထိကျူးလွန်ကြတဲ့ သူမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ရမှစားဝင်အိပ်ပျော်တယ်ဆိုတဲ့ နိုင်ငံတကာအလိုရှိဒုစရိုက်သမားတွေကိုဖော်ထုတ်ကြတဲ့ကားလေးပါဇာတ်ကြောင်းနည်းနည်းလေးကွဲပြားနေတာကအလိုရှိဒုစရိုက်ကောင်တွေကဇာတ်လမ်းအလယ်လောက်မှာတင်အနည်းငယ်လောက်ဖမ်းမိခဲ့ပါတယ် ဒီလိုဖမ်းမိအောင်လည်း အထက်လူကြီးတွေက မင်းသားကိုဖောက်ခွဲရေးသမားအနေနဲ့ပဲဆက်လက်ဟန်ဆောင်စေခဲ့ပြီးအတွင်းလူအနေနဲ့ရဲဘက်ကတောင်မရိပ်မိစေဘဲလျှို့ဝှက်လှုပ်ရှားစေခဲ့တာပါမင်းသားကလည်းတစ်ကယ်တော့လူကောင်းမဟုတ်ပါဘူးအပေါင်းအသင်းမှားမိရာကတစ်ဆင့်ငယ်ငယ်ကအလွယ်လမ်းကိုလိုက်ခဲ့ပြီးတော့ အပျော်ရှာရင်းတစတစ ရာဇဝတ်ကောင်ဖြစ်လာတဲ့သူပါကံကောင်းတာတစ်ခုကအကြောင်းအရင်းတစ်ခုကြောင့်အသိတရားဝင်လာခဲ့ပြီးသူ့လူကိုယ့်ဖက်သားအနေနဲ့ဖောက်ခွဲရေးသမားအသွင်နဲ့ပဲဆက်နေခဲ့ပြီး ဖော်ထုတ်ရေးတွေလုပ်ခဲ့တာပါရာဇဝတ်ကောင်တွေကိုဖမ်းရမယ့်တာဝန်အပြင်နောက်ပိုင်းမှာ သူ့ရဲ့ဆိုးတူကောင်းဖက်ငယ်သူငယ်ချင်းက ဆေးစွဲပြီးဒုစရိုက်သမားဘဝကမရုန်းနိုင်သေးပါဘူးနောက်ဆုံးတစ်ဖက်က သူငယ်ချင်းရဲ့ဆန္ဒ တစ်ဖက်ကလည်း ဥပဒေ တစ်ဖက်ကလည်းသူ့ရဲ့သူငယ်ချင်းကိုကယ်တင်ချင်တဲ့ဆန္ဒ ဒီလိုအခြအနေ ၃ခုကြားထဲကနေတောင် ဥပဒေဘောင်ရဲ့အပြင်ကနေ ဘယ်လိုလှုပ်ရှားပြီးဘယ်လိုနည်းလမ်းနဲ့နောက်ဆုံးကယ်တင်မလဲဆိုတာစောင့်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File Size : (800 MB) and (300 MB) Quality : Bluray 720p Running Time : 1hr 45min Format : Mp4 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encode by Thanhtike Zaw
movie
Getaway Plan (2016)
2016