Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jatinder Kaur
6
Kade Dade Diyan Kade Pote Diyan (2024)
ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie
Kade Dade Diyan Kade Pote Diyan (2024)
2024
7.2
Dunki (2023)
Dunki (2023) "ပြည်တော်ပြန်" IMDb - 7.2/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။ သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား...။ ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ...။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ...
movie
Dunki (2023)
2024
4K HEVC
6.7
Tu Jhoothi Main Makkaar (2023)
Tu Jhoothi Main Makkar (2023) IMDb - 6.7 / 10ဒီတစ်ခေါက်မှာကတော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်းလေးကို သဘောကျကြသူတွေအတွက် နာမည်ကြီးမင်းသားချော Ranbi Kapoor နဲ့ မင်းသမီးချောလေး Shraddha Kapoor တို့ ပါဝင်သရုပ်ဆောင်ထားပြီး Box Office ၂၁၉.၇၂ကုဋေအထိရရှိထားတဲ့ Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ ဟာသအချစ်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူဌေးသားလေးဟာ ချစ်သူတွေကိုလမ်းခွဲရာမှာ ကူညီပေးတဲ့ လမ်းခွဲရေးသမားလေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကားပြောဖို့ အခက်တွေ့နေသူတိုင်းက မစ်ကီကိုအကူညီတောင်းလေ့ရှိပါတယ် ဒီလိုသူများအကျိုးဆောင်ရာမှာ အောင်မြင်ခဲ့တဲ့မစ်ကီတစ်ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့ကောင်မလေးနဲ့ လမ်းခွဲပေးဖို့ကူညီရာမှာတော့ ဒုက္ခလှလှတွေ့ပါတော့တယ်အကြောင်းကတော့ မန်နူရဲ့သတို့သမီးလောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ မိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အတွက်ကြောင့်ပါပဲ မစ်ကီတစ်ယောက်သူ့သူငယ်ချင်းကို လမ်းခွဲပေးဖို့အတွက် ဆက်ကူညီပေးလေမလား ဘယ်လိုအလွဲလွဲအချော်ချော်တွေကြုံပြီး ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှလေးတင်နီနဲ့လမ်းခွဲရေးသမားလေးမစ်ကီကြားက ကွာခြားချက်တွေကြောင့်ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာ ဟာသနှောပြီးရိုဆန်ဆန်လေးဖြစ်တဲ့အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာကြည့်ရှူ့ရအောင် File size…10GB /2.71GB / 1.4GB Quality…4k NF WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (HardSub) Encoder….YK Translated by KhinKhin~Yunni~BpL~Sai~ThaikSan
movie
Tu Jhoothi Main Makkaar (2023)
2023
4K HEVC