Channel Myanmar

Jason Tobias

Vanished in Yosemite (2023)
Vanished in Yosemite (2023) အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်... Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်...ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်....နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်....နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်....ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်....File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:20:00 Genre... TV Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Vanished in Yosemite (2023)

My Child Has My Doctor’s Face (2024) 5.7
My Child Has My Doctor’s Face (2024) My Child Has My Doctor’s Face (2024) ============================ဂျက်ဆီကာနဲ့ ဒင်လန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုပဲ ချစ်ကြတဲ့လင်မယားတွေပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သုံးနှစ်ကျော်လောက် ကြိုးစားတာတောင် သားသမီးရတနာမထွန်း ကားဘဲ ဖြစ်နေရတာကြောင့် ဂျက်ဆီကာတစ်ယောက် ဒင်လန့်ကို ဖန်ပြွန်သန္ဓေသားနည်းကို စမ်းသပ်ကြည့်ဖို့ပြောလာခဲ့ပါတော့တယ်။ဒင်လန်အနေနဲ့လည်း ဇနီးဖြစ်သူစိတ်ကျေနပ်စေဖို့အတွက် လက်ခံ သဘောတူခဲ့ပါတယ်။ နှစ်တွေအတန်ကြာလာပြီးတဲ့အခါမှာတော့ ဂျက်ဆီကာတို့မိသားစုလည်း ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ရလာတဲ့ သားဖြစ်သူဟင်နရီလေးကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေရတာပေါ့။ တစ်နေ့မှာတော့ ဟင်နရီရဲ့သွေးအုပ်စုအမျိုးအစားနဲ့ ဒင်လန်ရဲ့သွေး အမျိုးအစားက မိဘနှင့်သားသမီးတော်စပ်ဖို့ မဖြစ်နိုင်ကြောင်းကို ဂျက်ဆီကာတစ်ယောက် အမှတ်မထင်ထိလိုက်ရပါတော့တယ်။ ဒီလို နဲ့ပဲ ဂျက်ဆီကာလည်း ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဖြစ်ရပ် မျိုးဖြစ်လာရလဲဆိုတာ စတင်ရှာဖွေပါတော့တယ်။ သူနဲ့အတူ CM ပရိသတ်တွေလည်း လိုက်လံအဖြေရှာကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(560 MB) Quality............WEB-DL 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Fiona Gillen Encoder..........SWM 
movie

My Child Has My Doctor’s Face (2024)

2024
Downrange (2017) 5.4
Downrange (2017) Downrange (2017) IMDb - 5.4/10_____Rotten - 70%    CMပရိတ်သတ်တွေထဲက Thriller ကားတွေကြိုက်တဲ့သူတွေအတွက် DownRange ဆိုတဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ အဟေဠိတွေနဲ့ ကြည့်ကြရမှာဖြစ်ပြီး အစကနေ ပြီးခါနီးထိ ဘာမှ နားလည်မှာမဟုတ်ပါဘူး အဆုံးသတ် ဇာတ်ပေါင်းခန်းရောက်မှသာ ကွင်းခနဲ ကွက်ခနဲ အော်ဒါကြောင့်ကိုးဆိုပြီး သဘောပေါက်သွားစေမဲံ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးရဲ့ပုံစံက လူတွေကို အမဲလိုက်သလို လိုက်ရတယ် တပ်ထွက် sniper တစ်ယောက်နဲ့ ခရီးသွားရင်းကံဆိုးမိုးမှောင်ကျပြီး ဒီစစ်သားနဲ့မှတိုးမိတဲ့ ခရီးသွား လူငယ်တစ်ခုတို့ အကြောင်းကို ပြထားတာဖြစ်ပြီးတော့ လမ်းတစ်ဝက်မှာ သောင်တင်နေတဲ့ သူငယ်ချင်းတစ်စုရဲ့ လွှတ်ရာလွှတ်ကြောင်းနည်းလမ်းတွေရှာရင်း အဲ့သူငယ်ချင်းတစ်စုက လွတ်မြောက်နိုင်ပါ့မလား စနိုင်ပါသမားကကောဘာလို့ လိုက်ပစ်နေတာလဲဆိုတာတွေကိုကြည့်ကြရမှာဖြစ်ပြီး ပရိတ်သတ်ကြီးက ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ရုပ်ရှင်လေးကို သည်းထိတ်ရင်ဖိုကြည့်လိုက်ကြနော်    CMပရိတ္သတ္ေတြထဲက Thriller ကားေတြႀကိဳက္တဲ့သူေတြအတြက္ DownRange ဆုိတဲ့ကားေလးတစ္ကားကိုတင္ဆက္ေပးလိုက္ပါတယ္ ဒီကားေလးကိုၾကည့္မယ္ဆိုရင္ေတာ့ အေဟဠိေတြနဲ႕ ၾကည့္ၾကရမွာျဖစ္ျပီး အစကေန ျပီးခါနီးထိ ဘာမွ နားလည္မွာမဟုတ္ပါဘူး အဆံုးသတ္ ဇာတ္ေပါင္းခန္းေရာက္မွသာ ကြင္းခနဲ ကြက္ခနဲ ေအာ္ဒါေၾကာင့္ကိုးဆိုျပီး သေဘာေပါက္သြားေစမဲံ ဇာတ္ကားေလးတစ္ကားပဲ ျဖစ္ပါတယ္ ဒီကားေလးရဲ႕ပံုစံက လူေတြကို အမဲလိုက္သလို လိုက္ရတယ္ တပ္ထြက္ sniper တစ္ေယာက္နဲ႔ ခရီးသြားရင္းကံဆိုးမိုးေမွာင္က်ျပီး ဒီစစ္သားနဲ႕မွတိုးမိတဲ့ ခရီးသြား လူငယ္တစ္ခုတို႕ အေၾကာင္းကို ျပထားတာျဖစ္ျပီးေတာ့ လမ္းတစ္ဝက္မွာ ေသာင္တင္ေနတဲ့ သူငယ္ခ်င္းတစ္စုရဲ႕ လႊတ္ရာလႊတ္ေၾကာင္းနည္းလမ္းေတြရွာရင္း အဲ့သူငယ္ခ်င္းတစ္စုက လြတ္ေျမာက္ႏိုင္ပါ့မလား စႏိုင္ပါသမားကေကာဘာလို႕ ...
movie

Downrange (2017)

2017