Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jason Tham
5.5
Rocket Gang (2022)
Rocket Gang (2022) Comedy, Drama, Fantasy IMDb 5.5/10အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့ Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေး ငါးယောက်ရဲ့အကြောင်းပေါ့။သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့် လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီး ဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့...။ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့ နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။ရှုစားလိုက်ပါဦးနော်...။ File size…3.17GB / 1.69GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Rocket Gang (2022)
2022
4.5
Happy Phirr Bhag Jayegi (2018)
Happy Phirr Bhag Jayegi (2018)ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.to/?s=Happy+Bhag+Jayegi ကြည့်ပါ။အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 ...
movie
Happy Phirr Bhag Jayegi (2018)