Channel Myanmar

Jason Patric

Narc (2004) 7.1
Narc (2004) Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကိုပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီးဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ်လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။  File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Narc (2004)

The Alamo (2004)
The Alamo (2004) IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip  720p Format…mp4 Duration….02:17:00 Genre... Drama,  History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

The Alamo (2004)

Shrapnel (2023)
Shrapnel (2023)  ရှောင်ဘက်ခ်၀စ်တို့မိသားစုဟာ တက္ကဆက်နဲ့ မက္ကဆီကိုနယ်စပ်အနီးကို ပြောင်းရွှေ့လာတဲ့မိသားစုပါ။ ရှောင်ဟာ အမေရိကန်ရေတပ်က ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး သမီးနှစ်‌ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရှောင်ရဲ့ သမီးနှစ်ယောက်ထဲက တစ်‌ယောက်ဖြစ်တဲ့ "လိ"ဟာ သူငယ်ချင်း‌ဖြစ်သူ ဘီလီနဲ့ ပါတီပွဲတစ်ခုကိုသွားလိုက်ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အဖေဖြစ်သူဟာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဒေသခံ ကြေးစားလူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး ထိုဒေသကရဲအရာရှိတွေကတောင် မထိန်းနိုင်လို့ ဒီအမှုကို လက်ရှောင်နေကြတာကို ရှောင်တစ်ယောက် သိလိုက်ရပါတယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုရှာဖွေဖို့ သဲလွန်စလိုက်လံရှာဖွေရင်း ရှောင်နဲ့ သူငယ်ချင်းဖြစ်သူ မက်စ်တို့ဟာ မက္ကဆီကိုလူမိုက်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်... File size…(1.4 GB)/(781 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Shrapnel (2023)

My Sister’s Keeper (2009) 7.3
My Sister’s Keeper (2009)   မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister 's keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ်ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Drama, Family Subtitle….Myanmar ...
movie

My Sister’s Keeper (2009)

Til Death Do Us Part (2023) 6.0
Til Death Do Us Part (2023) Til Death Do Us Part (2023) ==================== IMDb Rating - 6.0/10သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (490 MB) Quality............WEB-DL ...
movie

Til Death Do Us Part (2023)

2023
The Vanished (2020) 5.7
The Vanished (2020) ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာအားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေးလပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက်အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီကလိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်းဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါသူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာအထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက်လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့်သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့်psychological thrillerကားကောင်းတစ်ကားဖြစ်လို့လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ File size…  1.6 GB /  730 MB Quality… WEB-Dl 1080p / 720p Format… mp4 Duration…. 1h 55 m Genre .....  ...
movie

The Vanished (2020)

2020
Rush (1991) 6.7
Rush (1991) Rush (1991)~ IMDb - 6.7/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်က ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားသက်သက်ပဲ။ မှုခင်းကားပေမဲ့ အက်ရှင်ခန်းလည်းများများစားစားမပါသလို ထွေထွေထူးထူးဇာတ်ဝင်ခန်းလည်း ပါလှတယ်မဟုတ်ဘူး။ မူးယစ်ဆေးရောင်းတဲ့ကောင်တွေကို မူးယစ်ဆေးသမားလိုလို အသွင်ယူပြီးဖမ်းတဲ့ရနဲ့ သူ့ပါတနာရဲမလေး မူးယစ်ဆေးရောင်းတဲ့ကောင်တွေကိုဖမ်းဖို့ကြိုးစားရင်း တိုင်ပတ်ကြတဲ့အကြောင်းတွေပဲ။ မင်းသမီးလေးတော့ တော်တော်လှပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ Soundtrack တွေကတော့ တကယ်ကြမ်းတယ်။ ဒီကားထဲပါသမျှသီချင်းတွေထဲ Eric Clapton ရေးထားတဲ့သီချင်းတွေမနည်းသလို Score ကိုလည်း ကျန်တဲ့လူတွေနဲ့ပေါင်းပြီး သူက Guitarist အနေနဲ့တီးထားတယ်။ Clapton က Rolling Stone ရဲ့ "100 Greatest Guitarists of All Time"မှာ ဒုတိယနေရာချိတ်ထားတဲ့လူဆိုတော့ သူ့ Score တွေ ဘယ်လိုနေမလဲ စဉ်းသာစားကြည့်ပေါ့။နောက် ဒီကားထဲ Eric Clapton ရဲ့ နာမည်ကျော်သီချင်း ...
movie

Rush (1991)

1991
Vanished: Searching for My Sister (2022)
Vanished: Searching for My Sister (2022)   ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။File size…(1.81GB)  / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Action / Crime / Horror Subtitle….Myanmar ...
movie

Vanished: Searching for My Sister (2022)

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

MK Ultra (2022) 6.7
MK Ultra (2022) MK Ultra (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~( * အချို့သော ဇာတ်ဝင်ခန်းများသည် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ * )စိတ်ကိုထိန်းချုပ်စေခိုင်းခြင်း (mind control) ဆိုတာ စိတ်ကူးယဉ်ရုပ်ရှင် ဇာတ်လမ်းတွေအတော်များများမှာ ထည့်ရိုက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။စိတ်က ခန္ဓာကိုယ်ကို မောင်းနှင်တယ် ဆိုတဲ့စကားရှိပြီး မိမိသာ တခြားသူတစ်ယောက်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ကိုင်တွယ်နိုင်လိုက်မယ်ဆိုရင် ကိုယ်ဟာ အဲဒီလူရဲ့ ခန္ဓာကိုယ်၊ အဲဒီလူ လုပ်သမျှကို လိုသလို အသုံးချ စေခိုင်းနိုင်ပြီ ဆိုတဲ့သဘောပဲ မဟုတ်လား။ စိတ်ကူးယဉ်ဆိုတာကလည်း လက်တွေ့ကနေ ဆင့်ပွါးဖြစ်တည်လာတဲ့အရာမို့ "စိတ်ကို ထိန်းချုပ်ခြင်း" ဆိုတဲ့ စကားလေးအပေါ် အခြေခံလို့ အင်အားကြီးနိုင်ငံတွေနောက်ကွယ်မှာ သို့လော သို့လော ဖြစ်စရာတွေ၊ အခုထိ ဖော်ထုတ်လို့မရတဲ့ လျှို့ဝှက်ချက်တွေ တပုံတပင်ကြီး ရှိနေမယ်ဆိုလျှင်ရော...?MK Ultra ...
movie

MK Ultra (2022)

2022
Nightshade (2022)
Nightshade (2022) လူသတ်မှုစုံထောက်ဘန်ဟာ အိပ်မပျော်သလိုခံစားနေလို့စိတ်ရောဂါကု ဆရာဝန်ဆီမှာ အိပ်ငွေ့ချကုသမှုခံယူနေရတာပါတဖြည်းဖြည်းနဲ့ အိပ်နေရင်းလမ်းလျှောက်တဲ့ရောဂါပါရလာပြီးအကြားအမြင်ရသလိုဖြစ်လာပါတော့တယ်အဲဒါကို သူ့မိန်းမကိုလည်းပြောမပြသလိုသူ့တွဲဖက်သူငယ်ချင်းကိုလည်း မပြောပြခဲ့ပါဘူးပုံစံတူ လူသတ်မှု ၃ခုဆက်တိုက်ဖြစ်လာတဲ့အခါမှာသဲလွန်စတွေကိုလိုက်ရင်း စိတ်ဝင်စားစရာလေးတွေတွေ့လာပါတော့တယ်ဘန့် ညဘက်လမ်းထလျှောက်တာကို သူ့မိန်းမကဘာလို့မသိရတာလဲသူက ဘာလို့ အကြားအမြင်ရသလိုဖြစ်နေရတာလဲသူ့သူငယ်ချင်း ကရော သူ့ကိုယုံပါ့မလားနောက်ဆုံး လူသတ်မှုကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရမှာပါပဲ File size…(1.5 GB)/(800 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Nightshade (2022)

Runt (2021) 6.2
Runt (2021)  လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie

Runt (2021)

The Beast of War (1988) 7.3
The Beast of War (1988) CM Fan တွေအတွက် တိပ်ခွေခေတ်က ကြည့်ခဲ့ရဖူးတဲ့ Old But Gold စစ်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် သမိုင်းကြောင်းအရ အာဖကန်အစိုးရသည် မူဂျာဟစ် သူပုန်တွေကို တိုက်ထုတ်ဖို့ရန် အင်အားမရှိချိန် ဆိုဗီယက်တို့က ကွန်မြူနစ် ကမ္ဘာကြီးတည်ထောင်ရန်ကြိုးပမ်းချိန် အာဖကန်အား ကွန်မြူနစ်အတွင်းသွတ်သွင်းရန်ကြိုးပမ်းပြီး အာဖကန်အစိုးရဘက်မှ မူဂျာဟစ် သူပုန်တွေကို ကူညီတိုက်ခိုက်ပေးခဲ့ရာ နောက်ပိုင်းပြောက်ကျားစစ်ကို အလူးလဲခံရလာပြီး ရွာအလိုက်ရှင်းလင်းရေးတွေလုပ်ဆောင်လာခဲ့ရာ beast ခေါ် သားရဲတင့်ကားကြီးအား မူဂျာဟစ်တို့မှ တိုက်ခိုက်ရန်ကြိုးပမ်းလာရာ သားရဲကြီးပဲ နှိမ်နင်းခံရမလား မူဂျာဟစ်တို့ဘဲ အနိုင်ရမလား အာဖကန်နစ်စတန် ပြည်သူတွေက အများထင်နေကြသလို အရိုင်းအစိုင်းတွေလား သူတို့ရဲ့ ယဉ်ကျေးမှုတွေ အကျင့်စရိုက်တွေ ရုရှားတို့ရဲ့ နိုင်ငံချစ်စိတ်တွေ ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းမဟုတ်ဘဲ သူတပါးနိုင်ငံအား ကျုးကျော်စစ်တိုက်ရာ ကြုံတွေ့ပုံများ စစ်မြေပြင်မှာ ဖြစ်တတ်သည့် စစ်ရာဇဝတ်မှုများ စတဲ့ အရာများအားလုံးကို စိတ်ဝင်တစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် Quality - 1080P & 720P WebripSubtitle - BurmeseDuration - 1h 51minFormat - MP4File Size - 1.33 GB & 785.4 MBEncoder ...
movie

The Beast of War (1988)

1988
The Yellow Birds (2017) 5.7
The Yellow Birds (2017) The Yellow Birds (2017) IMDb - 5.7/10_____Rotten - 44%   ဒီရုပ်ရှင်ဟာ အမေရိကန်စာရေးဆရာ Kevin Powers ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Yellow Birds ကိုရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ပြင်သစ်ဒါရိုက်တာ Alexandre Moors ကရိုက်ကူးထားပြီးတော့ Ready Player One နဲ့ ပရိသတ်တွေ တော်တော်များများသတိထားမိခဲ့တဲ့ မင်းသား Tye Sheridan က အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကိုတော့ 2017 ခုနှစ်ကကျင်းပခဲ့တဲ့ Sundance Film Festival မှာ Premiere အဖြစ်ပြသခဲ့ပြီး 2018 မေလ ကမှ ဖြန့်ချိခဲ့တာပါ။War, Drama အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6 တောင်ရရှိထားတဲ့အတွက် ပရိသတ်အများစုအကြိုက်တွေ့တယ်လို့လည်းဆိုရမှာပါ။ဇာတ်လမ်းအကျဉ်း ==========Daniel Murphy ဟာ 18နှစ်သာရှိသေးတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။အထက်တန်းကျောင်းအောင်ထားတာသိပ်မကြာသေးဘဲ သူ့ဘဝရဲ့အသက်မွေးဝမ်းကြောင်းကို မရွေးချယ်ခင်မှာ ကောင်းရာမွန်ရာ အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုတဲ့ ...
movie

The Yellow Birds (2017)

2017
Gangster Land (2017) 5.3
Gangster Land (2017)  အခု၂၀၁၇ထွက်ဂိုဏ်းစတားကားလေးတစ်ကားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့၁၉၂၀ခုနှစ်နောက်ပိုင်း တန်ခိုးထွားခဲ့တဲ့လူမိုက်ဂိုဏ်းတွေကြားကပြိုင်ဆိုင်မှုရက်စက်မှု၊ နယ်မြေချဲ့ထွင်မှု၊ တွေကိုနောက်ခံထားပြီး လူငယ်လေးတစ်ယောက်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပုံကိုရိုက်ကူးပြထားတာပါ။ ဇာတ်ကားနာမည်လေးအတိုင်းပဲတကယ်ကိုဂိုဏ်းလောကထဲကိုရောက်သွားတဲ့သူတွေရဲ့အဖြစ်သနစ်တွေကိုရိုက်ကူးပြသွားပါတယ်။ဂျက်ဟာသာမန် မိသားစုလေးတစ်ခုကနေပေါက်ဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပြီးလက်ဝှေ့ကစားတာကိုအရမ်းကြိုက်နှစ်သက်ပါတယ်။ လက်ဝှေ့ပညာမှာပါရမီပါပြီးရှေ့ဆက်ထွန်းတောက်လာမယ့်လမ်းတွေရှိခဲ့ပေမယ့်လည်းကံကြမ္မာရဲ့အလှည့်အပြောင်းနဲ့ အတူ သူတို့မိသားစုလေးလည်းဘ၀တစ်ဆစ်ချိုးသွားရပါတယ်။လူငယ်ဆိုတာစိတ်ထင်ရာလုပ်မိပြီး လမ်းမှားရောက်သွား တတ်သလိုပဲ ဂျက်ဟာလည်းလက်ဝှေ့ထိုးကောင်းတဲ့သူဖြစ်တဲ့အတွက် လူမိုက်ဂိုဏ်းတစ်ခုရဲ့ပစားပေးချင်ခံရပါ တော့တယ်။အမှားအမှန်ကိုခွဲခြားနိုင်စဉ်မှာတော့ငြင်းဆန်နိုင်ပေမယ့် တစ်ခုခုကိုရဲ့လွှမ်းမိုးမှုခံလိုက်ရချိန်မှာတော့စိတ်ထင်ရာလုပ်ပြီး လမ်းမှားကိုတစ်ဖြေးဖြေးဝင်ရောက်သွားတဲ့နောက် ဂျက်တစ်ယောက် ရုန်းထွက်နိုင်ပါ့မလား။အမေရိကန်ပြည်ထောင်စုက အီတလီလူမိုက်ဂိုဏ်းတွေ အိုင်းရစ်လူမိုက်ဂိုဏ်းတွေပါရှန်းလူမိုက်ဂိုဏ်းတွေရဲ့ နယ်မြေလုမှု ၊ စီးပွားရေးဈေးကွက်ရှာဖွေမှု ၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်လိုချောက်ချလဲဆိုတာတွေကိုလည်းတွေ့ရမှာပါ။American Gangster ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် Qty - 720P Web-DlGenre : Action/Drama/CrimeDuration : 1Hour and 22 MinutesTranslator - Thura Zarni AungEncoder - Kyaw Ye Aung
movie

Gangster Land (2017)

2017