Channel Myanmar

Jason K. Ralph

Killer Body Count (2024)
Killer Body Count (2024) ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ"ဘရိုင်ယန်"နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ်အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူးFile size…(848 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Killer Body Count (2024)