Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jason James Richter
6.0
Free Willy (1993)
ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ...
movie
Free Willy (1993)
5.1
Free Willy 2: The Adventure Home (1995)
ဟော.. ဝေလငါးကြီး ဝီလီပြန်လာပါပြီ..။ ဒီတစ်ခါမှာတော့ လူပျိုပေါက်လေး ဖြစ်နေပြီဖြစ်တဲ့ ဂျက်စီ့ကို တွေ့ရမှာပါ။ ရှေ့ကားမှာ အရာရာအဆင်ပြေပြီးသားဖြစ်တဲ့ ဂျက်စီလေးဟာ ဒီကားမှာတော့ နောက်ထပ်ပြဿနာလေး တစ်ခုထပ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူက ရှာတဲ့ ပြဿနာမဟုတ်ဘဲ သူ့ဆီကိုမှ တကူးတက လာရှာတဲ့ ချစ်စရာ သက်ရှိပြဿနာလေးပဲ ဖြစ်ပါတယ်။ ဘာလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကြောင်းဆက်သွားရမယ်ဆိုရင်တော့ ဂျက်စီဟာ ဝီလီနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဝီလီဟာလည်း သူ့မိသားစုနဲ့အတူ ပြန်ဆုံနိုင်ခဲ့ပြီဖြစ်လို့ အခုဆို ဂျက်စီရော ဝီလီရော မိသားစုကိုယ်စီနဲ့ပါ။ တစ်ညမှာတော့ ရေနံတင်သင်္ဘောမှောက်ပြီး ရေနံဆီတွေ ပင်လယ်ထဲ စိမ့်ကုန်ပါတော့တယ်။ ပင်လယ်သတ္တဝါတွေအတွက် ထိခိုက်မှုများမယ့် ဝီလီတို့အတွက် အန္တရာယ်များတဲ့ ဒီအခြေအနေကို ဂျက်စီနဲ့ ဝီလီ ဘယ်လိုဖြေရှင်းကြမလဲ။ရှေ့တစ်ကားတုန်းက ပြောခဲ့သလိုပါပဲ ဒီကားမှာ ဝီလီနေရာကို Keiko သရုပ်မဆောင်တော့ပါဘူး။ ဒီကားထဲက ဝေလငါးတွေကို အင်ဂျင်နီယာနဲ့ အနုပညာရှင်ပေါင်း ၄၅ ယောက်တို့နဲ့ နာရီပေါင်း ၁သိန်းကျော်သုံးပြီး ၆လအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဝေလငါး အရွယ်အစား တစ်ခုစီအတွက် ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြခဲ့ပြီး ပေါင် ...
movie
Free Willy 2: The Adventure Home (1995)
Free Willy 3: The Rescue (1997)
ဒီတစ်ခါတော့ ဂျက်စီလေးဟာ လုံးလုံး လူပျိုပေါက်သွားပါပြီ။ လက်တောက်လောက် ပြဿနာအိုးလေးကတည်းက မြင်လာခဲ့တဲ့ ကောင်ဆိုးလေးကို သန့်သန့်ခန့်ခန့် ၁၆ နှစ် အရွယ် သုတေသနလက်ထောက်လေးအဖြစ် မြင်ရတာဟာ ကြည်နူးစရာပါပဲ။ ပင်လယ်ကြီးက အပြောကျယ်တယ်သာဆိုတာ ဂျက်စီနဲ့ ဝီလီတို့ကတော့ ခုလည်း ပြန်တွေ့ကြပြန်ပါပြီ။ ဒီတစ်ခါက်မှာတော့ ဝီလီ့မှာရော သတင်းကောင်းတစ်ခု ရှိလို့နေပါတယ်။ ဘယ်လိုအခြေအနေတွေ ထပ်ကြုံလို့ ဘယ်လိုကယ်တင်ကြရပြန်ဦးမှာလဲ။ အဲ့ဒါတွေကိုတော့ ထုံးစံအတိုင်းပဲ မပြောပြပါဘူး၊ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါ။ ဂျက်စီ လူပျိုဖြစ်သွားလို့ ကလေးငယ်လေး မမြင်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့် ပရိတ်သတ်တချို့အတွက်တော့ ဟောဒီ့ Free Willly 3 မှာ ဂျက်စီ့ထက် အပုံကြီး ပိုချစ်ဖို့ကောင်းတဲ့ မက်စ်ဆိုတဲ့ မိတ်ဆွေသစ်လေးတစ်ဦးပါဦးမယ့်အကြောင်းကို အကြိုသတင်းပါးလိုက်ပါတယ်။ မိတ်ဆွေသစ်ရယ် အန္တရာယ်သစ်ရယ်နဲ့ ဝီလီ့ချစ်သူတို့ရဲ့ နှလုံးသားကို ဖမ်းစားဦးမယ့်စွန့်စားခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။ File size… 2.4 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ..... ...
movie
Free Willy 3: The Rescue (1997)
Natty Knocks (2023)
ဒီဇာတ်ကားက ၂၀၂၃ ထွက် horror / Thriller ဇာတ်ကားသစ်ပါ။ဇာတ်လမ်းက Slasher themeလည်းပါသလို witch craftတွေနဲ့Horrorအငွေ့အသက်တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂ယောက်နဲ့သူ့ရဲ့ကလေးထိန်း ဘရစ်တို့ဟာ မမျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကိုမျက်မြင်တွေ့ခဲ့ပြီးနောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကိုခံခဲ့ရပါတယ်။ သူ့လက်က လွတ်အောင်ကြိုးစားရင်း လူသတ်သမားဖြစ်သူရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့ရဲ့မြို့လေးမှာ အရင်ကဖြစ်ခဲ့တဲ့မှုခင်းတခုအကြောင်းပါ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။သူတို့၃ယောက် လူသတ်သမားဆီက လွတ်အောင် ပြေးနိုင်မှာလား။အဲဒီလူကဘာလို့လူသတ်နေတာလဲ၊ သူ့နောက်ကြောင်းကို သူတို့တွေဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။ File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Natty Knocks (2023)
6.4
The Little Things (2021)
The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie
The Little Things (2021)
2021
5.9
The Brawler (2018)
ဒီတစ်ခါတော့ ကမ္ဘာမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့Rocky ဆိုတဲ့ရုပ်ရှင်ရဲ့ မူလဇစ်မြစ်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးတစ်ကို တင်ဆက်ပေးချင်ပါတယ်။ချက်ခ်ဝက်ပ်နာလို့ခေါ်တဲ့လူတစ်ယောက်ဟာ ဘေယွန်မှာနေထိုင်ခဲ့ပြီးတော့ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးသတ်ရတာကို ဝါသနာကြီးခဲ့တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နေ့မှာတော့ လက်ဝှေ့လောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ မိုဟာမက်အလီနဲ့ ထိုးသတ်ခွင့်ရတဲ့အခါမှာဘယ်လိုရလာဒ်တွေဖြစ်ပေါ်ခဲ့ပြီး သူ့ဘဝဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားသဖွယ်ရိုက်ပြထားတဲ့The Browlerဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုပြီး အားပေးလိုက်ကြပါဦးဗျာ....File Size : ( 883 MB) & ( 236 MB)Quality : Web-DL 720pRunning Time :1hr 35 minFormat : Mp4Genre : Biography , Crim , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
The Brawler (2018)
2018