Channel Myanmar

Jason Gray-Stanford

A Beautiful Mind (2001) 8.2
A Beautiful Mind (2001) A beautiful mind (2001) IMDb rating - 8.2ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress ...
movie

A Beautiful Mind (2001)

The Painter (2024)
The Painter (2024) The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie

The Painter (2024)

2024
Mr. Monk’s Last Case: A Monk Movie (2023) 7.4
Mr. Monk’s Last Case: A Monk Movie (2023)  Mr. Monk's Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေအများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ seriesမကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenicmemory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ...
movie

Mr. Monk’s Last Case: A Monk Movie (2023)

Phantom (2013) 5.9
Phantom (2013) (၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ်ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 ...
movie

Phantom (2013)

Flags of Our Fathers(2006) 7.1
Flags of Our Fathers(2006) Flags of Our Fathers(2006) IMDb....7.1,,,Rotten...73% "သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်....ဆိုလိုတာက တစ်ဝက်လောက်ကိုလိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့" ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကိုမသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင်၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ....Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်.....ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး....သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်...ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့...တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်...ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ....ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့...ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်...ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်...ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်...ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ ...
movie

Flags of Our Fathers(2006)

2006
Summer of 84 (2018) 6.7
Summer of 84 (2018) ပေ့ါပေါ့ပါးပါး နဲ့ ကြောက်စရာကောင်းတဲ့ Summer of 84 ပါ။Horror ကားဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝတွေကို ခပ်ပါးပါးလေး လွမ်းမိသွားအောင် ပြထားနိုင်ပါတယ်။သတ်နေဖြတ်နေတဲ့ဇာတ်ကားမျိုးမဟုတ်ပဲ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားတာမျိုးကို ရိုးရိုးလေးပဲချပြထားတာပါ။ဇာတ်လမ်းက စုံထောက်ဇာတ်လမ်းလို စိတ်ဝင်စားစရာတွေကိုမျက်မှောင်ကြီးကြုံ့ပြီး ကြည့်မနေရပဲနဲ့ စိတ်ဝင်စားစရာအချက်တွေကို ပေါ့ပေါ့ပါးပါးလေးပဲပြပေးထားပါတယ်။၁၉၈၀ ကနွေရာသီတစ်ခုမှာ ဒီအတိုင်းနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါး ဖြတ်သန်းရင်း Davies တစ်ယောက် အိမ်နီးချင်းတစ်ယောက်ကို Cape May Slayer လို့ခေါ်တဲ့ ပျောက်နေတဲ့လူသတ်သမားလို့ သံသယဝင်မိတာကစပြီးတော့ သူ့ရဲ့ လူသတ်သမားရှာပုံတော်ကြီးကို စဖွင့်ပါတော့တယ်။အဲဒီအိမ်နီးချင်းက သူထင်သလိုပဲ လူသတ်သမားဖြစ်နေမလား။ဒီအတိုင်း ကလေးချစ်တတ်တဲ့ ရဲသားကြီးတစ်ယောက်ပဲလားဆိုတာ ကြည့်ကြည့်လိုက်ပါတော့။အဲဒါနဲ့ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.7 ဖြစ်ပြီးတော့ လူတိုင်းဟာ အတွဲလိုက်လူသတ်သမားတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေနိုင်ပါတယ်ဆိုတဲ့ စကားလေးနဲ့ စထားပြီးတော့ အဲဒါလေးနဲ့အဆုံးသတ်ထားပါတယ်။နည်းနည်း Spoil မယ်နော် လူသတ်သမားရဲ့ နောက်ဆုံးလုပ်သွားတဲ့အကွက်လေးလှတယ်ဗျာ xD(d3mon ...
movie

Summer of 84 (2018)

2018
Earth to Echo (2014) 5.8
Earth to Echo (2014)  အခုတစ်ခါတော့ ၂၀၁၄ ခုနှစ်လည်ပိုင်းလော်က ထွက်ရှိထားတဲ့စက်ရုပ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားလေးက IMdb မှာ ၅.၄ ရထားပြီးတော့Stranger Things လိုခပ်ဆင်ဆင်လေးရိုက်ထားတာပါဇာတ်လမ်း အကျဉ်းလေး  တတ်ခ် ရယ် မာ့ခ်ျရယ် အဲလတ်စ် ရယ်ဟာသူတို့ နားမှာ ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေတူးရာမှာစပြီး သူတို့ဆီကို ထူးဆန်းတဲ့ စာတိုတွေ သူတို့ဖုန်းတွေကို ဆက်တိုက်ပို့နေရာမှအဲ့ဒီ ဆောက်လုပ်ရေးဆိုက် ရဲ့ တာဝန်ရှိသူတွေကို သွားပြရာမှာ ဒီလိုနဲ့အစိုးရပိုင်းကပါ သိပြီး ထူးဆန်းတဲ့ ဂြိုဟ်သားစက်ရုပ် ကျူးကျော်မှု တစ်ခုဆိုတာကိုသိရှိသွားပါတယ် ဒီလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက်လဲ ဒီအရှူပ်တော်ပုံထဲကနေဘယ်လိုတွေဖြစ်ကြမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720P BlurayDuration - 1hr 40minGern - Sci-fiEncoder - Kyaw Ye Aung  
movie

Earth to Echo (2014)

2014