Channel Myanmar

Jason Chicandier

For Better And For Worse (aka) Un homme heureux (2023) 5.4
For Better And For Worse (aka) Un homme heureux (2023)  ရှေးရိုးစွဲမြို့တော်ဝန်ဂျန်က transgenderဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး မြို့တော်ဝန်သက်တမ်းတိုးဖို့အတွက် မြို့တော်ဝန်ရွေးကောက်ပွဲကို ထပ်ပြီးဝင်ပြိုင်တော့မှာပါ ။ရွေးကောက်ပွဲကျင်းပခါနီးမှာပဲ ဂျန်ရဲ့ဇနီး အီဒီက ဂျန်ကို ကြီးမားတဲ့လျို့ဝှက်ချက်တစ်ခုဝန်ခံလိုက်တယ် ။ အဲဒါကတော့ အီဒီက ယောကျ်ားတစ်ယောက်လို ပြောင်းလဲနေထိုင်ချင်တဲ့အမျိုးသမီးတစ်ယောက်ဆိုတာပါပဲ ။ ငယ်စဥ်ကတည်းက အီဒီက အဲဒီစိတ်ကိုတွန်းလှန်ဆန့်ကျင်လာခဲ့ပြီး အိမ်ထောင်ပြု၊ကလေးတွေရပြီးမှ နောက်ဆုံးမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံဖို့ဆုံးဖြတ်ခဲ့တာပါ ။ဒီအကြောင်းကိုကြားလိုက်ရတဲ့ ဂျန်ကတော့ တစ်ခါတည်း ခေါင်းဆင်နင်းသွားတော့တယ် ။လက်ထပ်ပွဲကတိသစ္စာထဲက " FOR BETTER OR FOR WORSE "ဆိုတဲ့စကားအတိုင်း ဂျန်က အီဒီရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား... ။ ဟာသကားမို့လို့ သဘာဝဆန်ဆန်လေးနဲ့ ရယ်ရပြီး ပိတ်ရက်မှာအပန်းပြေကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ကြည့်ရှုသူတွေရော မြို့တော်ဝန်ဂျန်လိုအခြေအနေမျိုးနဲ့ကြုံရရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးချမလဲဆိုတဲ့အတွေးလေးတစ်ခုလည်းရစေပါတယ်နော် ။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

For Better And For Worse (aka) Un homme heureux (2023)

Asterix & Obelix: The Middle Kingdom (2023) 4.9
Asterix & Obelix: The Middle Kingdom (2023) Asterix & Obelix: The Middle Kingdom (2023) ================================Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူ မရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီး ပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comic book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ် ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စား ခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည် ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameo အဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေ သိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာ လေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့ သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမက မင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့သူပါ။Gaul တွေကလည်း တရုတ်ပြည်က ...
movie

Asterix & Obelix: The Middle Kingdom (2023)

2023