Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jarlath Conroy
Kinsey (2004)
Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie
Kinsey (2004)
7.3
Across the Universe (2007)
ဒီတခေါက်တင်ဆက်ပေးမှာကတော့The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်းJohn Lennon နဲ့ Paul McCartney တို့ရေးထားတာကို ယူထားတာပါတကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုThe Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါThe Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ်၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်ကဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ်The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီးသီချင်းတွေကို ခံစားစီးမျောနိုင်မှာပါIMDB rating ကလည်း 7.3 တောင် ရထားတာမို့ကြည့်ရှုကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာသူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကိုစိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက်သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့တရားမဝင်ခိုးလိုက်လာခဲ့ပါတယ်ဟိုရောက်တော့ ...
movie
Across the Universe (2007)
4K HEVC
6.7
Stay(2005)
Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုးတွေလည်းရှိသလို ဆမ်နဲ့တခြားလူတွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Stay(2005)
7.6
True Grit (2010)
True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie
True Grit (2010)
6.6
The Art of Getting By (2011)
The Art of Getting By (2011)_____IMDb - 6.6/10 ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ Translated by Linn Kyaw Swar Aung Encoded by sithu
movie
The Art of Getting By (2011)
2011