Channel Myanmar

Jared Wofford

Cinnamon (2023) 6.5
Cinnamon (2023)  ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie

Cinnamon (2023)

Red Right Hand (2024) 5.3
Red Right Hand (2024) Red Right Hand (2024)ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 1GB Quality ...
movie

Red Right Hand (2024)

2024
The Final Say (2023) 7.2
The Final Say (2023)  ဘလိုင်းဒိတ်တစ်ခုကနေ ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု။ ဘုရားသခင်မှာ စိတ်ရင်းနဲ့ သက်ဝင်ယုံကြည်ကြတဲ့ သူတို့တွေ... သူတို့မိသားစုလေးမှာ ကလေးတွေအများကြီးနဲ့ဖြည့်တင်းဖို့ ဆုတောင်းမျှော်လင့်ထားခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ ရင်သွေးတွေအများကြီးယူဖို့ဆိုတဲ့ မျှော်လင့်ချက်ကြီးမားမှုကို သိနေ ခံစားနေရတဲ့ ဇနီးသည်တစ်ယောက်အတွက် ကလေးယူဖို့က သူ့ချို့ယွင်းချက်ဖြစ်နေတာမို့ အရမ်းချစ်ပေမဲ့ စွန့်လွှတ်ဖို့ ကွာရှင်းဖို့လမ်းကို ရွေးချယ်ခဲ့ပါတယ်။အထက်ကဇာတ်လမ်းကို ပြောပြနေတာကတော့ အတ္တလန်တာကိုသွားနေတဲ့ လေယာဉ်ပေါ်က ဂျော်ဒန်ဆိုတဲ့သူ။ မုန်တိုင်းကြောင့် လေယာဉ်ဆင်းဖို့ကြန့်ကြာနေတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လက်ထရိစ်ဆိုသူ သူစိမ်းအမျိုးသမီးလေးကို စိတ်သက်သာရာသက်သာကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတပုဒ်ပေါ့။ သူတို့နှစ်ဦးလုံးက အတ္တလန်တာကို မင်္ဂလာပွဲအခမ်းအနားသွားတက်ကြမှာ။ဆိုတော့... သူတို့တွေ လိုရာခရီးကို အချိန်မှီရောက်နိုင်မှာလား။ သူပြောပြနေတဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပါ) File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

The Final Say (2023)