Channel Myanmar

Ja'Quan Monroe-Henderson

Kinds of Kindness (2024) 6.9
Kinds of Kindness (2024)  အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ်Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊The Favourite နဲ့ The Killing of a Sacred Deer ကိုဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကိုတွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်းမေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရုမစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက်ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီးရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေပေါ့။ဒုတိယပိုင်းက လှေမှောက်ပြီး ...
movie

Kinds of Kindness (2024)

4K HEVC
Master Gardener (2022) 6.3
Master Gardener (2022) Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie

Master Gardener (2022)

2022