Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Janusz Chabior
5.5
Kleks Academy (2023)
ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie
Kleks Academy (2023)
7.0
Little Rose (2010)
1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံDrama ကားလေးပဲဖြစ်ပါတယ်တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့အတွက် အသံလွှင့်သူကိုဖော်ထုတ်ဖို့အစိုးရကပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်ပါမောက္ခတွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ်အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့ သူ့ချစ်သူကာမီလာကို အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ်ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့သဘောတူလိုက်ပြီး ပါမောက္ခအဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B
movie
Little Rose (2010)
7.6
Hatred (2016)
Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie
Hatred (2016)
2016
5.5
[18+]Heaven in Hell(2023)
[18+]Heaven in Hell(2023)**************************ဒီကားထဲ အဓိက မင်းသားကို 365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်...ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်..ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex sceneတွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက်၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။File Size : 1.5GB, 743MB Quality ...
movie
[18+]Heaven in Hell(2023)
6.3
Furioza (2021)
Furioza (2021) ဇာတ်လမ်းအညွှန်း ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.7GB, 1.1GB & 539MB Quality ...
movie
Furioza (2021)
2021
4.0
Women of Mafia 2 (2019)
ဒါကတော့ ပိုလန်လူဆိုးဂိုဏ်းမမတွေရဲ့ဇာတ်ကားပါ။အကြမ်းအရမ်းတွေ ကိုကင်းရောင်းဝယ်နေတဲ့ပိုလန်ဂိုဏ်းကမမရယ်၊ ကိုလမ်ဘီယာကဉာဏ်နီဉာဏ်တွေများနေတဲ့စော်ကြီးရယ်၊အကြမ်းဖက်သမားကိုချစ်မိနေသူရယ်၊ထောင်ထွက်မာဖီးယားဘုရင်မဟောင်းတစ်ယောက်ရယ်ပွဲကြမ်းထားတဲ့ကားပါ။violenceတွေမဟားဒရားပါပါတယ်။ File Size : ( 1 GB , 247 MB)Quality : WEB-DL 720pRunning Time : 2 hr 18 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Women of Mafia 2 (2019)
2019