Channel Myanmar

Janno Gibbs

Hello, Universe! (2023)
Hello, Universe! (2023) အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်File size…(1.6 ...
movie

Hello, Universe! (2023)

Itutumba Ka Ng Tatay Ko (2024) 5.7
Itutumba Ka Ng Tatay Ko (2024) Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie

Itutumba Ka Ng Tatay Ko (2024)

2024
YORME: The Isko Domagoso Story (2021) 5
YORME: The Isko Domagoso Story (2021) Yorme : The Issko Domagoso Story(2022)=================================YORME :The Isko Domagoso Story (2021)ဒီတစ်ခါမှာလည်း Documentary ဇာတ်ကားကောင်းလေးကို ကြိုက်နှစ်သက်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက် အတ္ထုပ္ပတ္တိဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှသူပါ။၂၀၁၈ ခုနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ Miss Grand International Miss ပြိုင်ပွဲမှာပါ လာရောက်ပြီး host လုပ်ပေးခဲ့တဲ့ နာမည်ကြီးမင်းသားချော Xian Lim ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အခြား အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ အမှိုက်ကောက်၊ အမှိုက်ရှာရင်း အမှိုက်ပုံကြားမှာပဲ နေခဲ့ရပါတယ်။ဒါပေမဲ့ ပညာလိုလားတဲ့ ၊ သင်ယူချင်စိတ်ပြင်းပြတဲ့ အများအကျိုးကို သယ်ပိုးလိုတဲ့ ဒီကလေးလေးဟာ တောက်မယ့်မီးခဲ တရဲရဲဆိုသလို နွံထဲက ကြာပန်းလိုပဲ နေရာစုံမှာ အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။ ဘဝဇာတ်ခုံအဖုံဖုံမှာ ကပြအသုံးတော်ခံရင်း လှိုင်းတံပိုးထန် ကြမ်းတမ်းတဲ့သူ့ဘဝမှာ ဘယ်လိုဖြစ်ပြီး နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်လာသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းရုံတင်မက..... အတုယူထိုက်တဲ့ Real-life ...
movie

YORME: The Isko Domagoso Story (2021)

2021
69 + 1 (2021) 5.1
69 + 1 (2021) 69+1 (2021)မညာနဲ့နော် ဘရိုတို့ ..... နာမည်မြင်ရုံနဲ့ စိတ်ဝင်စားနေကြပြီ မဟုတ်လား?ကားနာမည်နဲ့တင် ဝါသနာရှင်တွေက ဘယ်လိုဇာတ်လမ်းမျိုးဆိုတာ ကျိန်း​သေသိကြမှာ​ပါဒါက​တော့ ဖိလစ်ပိုင်ဟာသဇာတ်မြူး အသစ်စက်စက်​လေးပါအိုင်ဗီ ထရီနီဒတ်နဲ့ ပက်ထရစ်ရှာတို့က သိပ်ချစ်ကြတဲ့ Lesbian​လေး​တွေပါ၊ တွဲလာတာလည်း ၆နှစ်​ကျော်လို့ ၇နှစ်ပြည့်​တော့မယ့် သက်​တော်ရှည်အတွဲ​လေးပါ၊ တွဲပြတ်​တွေနဲ့​တော့ ကွာ​တာ​ပေါ့​နော့။ဒါ​ပေမဲ့ မိန်းက​လေးချင်း ၇နှစ်အထိ​တွဲလာတာနဲ့အမျှ "​သွေးသားဆန္ဒ" ဆိုတာ အလိုလို​ပေါ်ထွက်လာတာပါပဲ၊ပက်ထရစ်ရှာက အဲ့ဒီ​သွေးသားဆန္ဒ​ကြောင့် သူတို့နှစ်ဦးရဲ့ Lesbian ချစ်​ခြင်းလေး ပျက်စီးသွားမှာကို အရမ်းစိုးရိမ်လာပါတယ်၊အဲ့ဒါ​ကြောင့် သူတို့ရဲ့ဆန္ဒလည်း ပြည့်၊ သူတို့ရဲ့ချစ်ခြင်းကိုလည်း မခွဲနိုင်တဲ့ ကြားလူ​ယောကျ်ားတစ်​ယောက်ကို ချစ်သူနှစ်​ယောက် ရှာပုံ​တော်ဖွင့်ပါ​တော့တယ်၊အဲ့ဒီကြားလူကို ဘယ်လိုသတ်မှတ်ချက်​တွေနဲ့ ရှာ​ဖွေမလဲ? ဘယ်​ယောကျာ်းကို ​ရွေးချယ်လိုက်မလဲ?အဲ့ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဘာ​တွေဆက်ဖြစ်မလဲ? ဘယ်လို​တွေ လွဲကြ​ချော်ကြ ..... ခွီရမလဲဆိုတာကို....အ​ပြောအဆို ဗွင်းဗွင်းရှင်းရှင်း၊ ဇာတ်ဝင်ခန်းတချို့နဲ့ အပီအပြင်ရိုက်ပြထားတာမလို့ မိသားစုနဲ့အတူကြည့်လို့မရဘဲ ၁၈​ယောက် စုကြည့်ရမယ့် ဟာသ​ကား​လေးပဲ ဖြစ်ပါတယ်၊မင်းသမီးနှစ်​ယောက်ကလည်း ​တောင့်​တောင့်​​ဖြောင့်​ဖြောင့်​ကတစ်မျိုး၊ သွယ်သွယ်လျလျ​​က တစ်ဖုံ ဖြစ်တာမလို့ အရသာနှစ်မျိုးကို တပြိုင်တည်းခံစားရမှာပါ၊အား​ပေးကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.54GB and 948MB ...
movie

69 + 1 (2021)

2021