Channel Myanmar

Janne Mortil

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

The Hitcher II: I’ve Been Waiting (2003) 4.3
The Hitcher II: I’ve Been Waiting (2003) The Hitcher II: I've Been Waiting (2003) ============================နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။ The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ Jim Halsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှု တစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက် ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူ ကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့ပါတယ်။တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅ နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher (1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. Thomas Howell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်း ကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2 GB) / (927 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher II: I’ve Been Waiting (2003)