Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Janina Uhse
Blame the Game (2024)
Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / ...
movie
Blame the Game (2024)
6.2
Family Affairs (2022)
Family Affairs (2022)ဒီကားလေးကတော့ ၂၀၁၈ မှာတုန်းက How About Adolf? ဆိုတဲ့ နာမည်နဲ့ထွက်ရှိခဲ့တဲ့ ဂျာမန်ကားလေးရဲ့အဆက်ပဲဖြစ်ပါတယ်။ ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ အဲဒါမှ ရှေ့နောက်ချိတ်ဆက်မိပြီး ပိုခွီရပါလိမ့်မယ်။ဇာတ်လမ်းအစမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့လင်မယားနဲ့ မိဘဖြစ်ခါစ သောမက်စ်နဲ့အန်နာတို့အတွဲတွေ ကလေးတွေကိုထားပြီး လန်ဇိုရာတီမှာရှိတဲ့ ဒေါ်ရိုသီယာရဲ့အိမ်ကို ပိတ်ရက်ခရီးထွက်လာကြရင်း စတက်ဖန်တစ်ယောက် လေဆိပ်မှာ အိတ်ပျောက်လို့စိတ်ညစ်နေတာကို ရိုက်ပြထားပါတယ်။ ဟိုကိုရောက်တဲ့အခါ ဒေါ်ရိုသီယာနဲ့ ရေးနေးတို့က သတင်းကြီးကို ထုတ်ပြောပြလိုက်ရာကစပြီး အရှုပ်တော်ပုံတွေ တစ်စပြီးတစ်စပေါ်ပေါက်လာပါတော့တယ်။ဒီဇာတ်ကားထဲမှာတော့ မိသားစုတွင်းက အားနည်းချက်ကို လူမသိစေချင်လို့ ယောက်ျားတွေလုပ်မိတဲ့လုပ်ရပ်တွေနဲ့ မိန်းမတွေရဲ့ မျိုသိပ်ထားရတဲ့ခံစားချက်တွေကို ထိထိမိမိရိုက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 740MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - ...
movie
Family Affairs (2022)
2022
7
How About Adolf? (2018)
How About Adolf? (2018)ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာတော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie
How About Adolf? (2018)
2018