Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jang Young-nam
6.8
Miss Baek (2018)
ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ဇာတ်လမ်းလေးပါ တကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါတယ် ( ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် ) သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာ လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက် ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့် အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ် ဒီလိုနဲ့ဘ၀ကိုဖြစ်သလိုရပ်တည်လာရင်း မထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာ လမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့ ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ် အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့ အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကို အရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေး ဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာ ဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘ၀ကိုသတိရသွားပြီး ဒီကလေးမလေးအပေါ်သနားသွားပါတယ် ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီး ကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ် ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရော ဘတ်ဆန်းအာကကယ်တင်နိုင်မှာလား ဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie
Miss Baek (2018)
2018
6.4
Hindsight(2011)
Hindsight(2011) IMDb...6.4 ဒီကားထဲကမင်းသားကြီးကိုတော့ အတော်များများသိကြမှာပါ... နှုတ်ခမ်းနီမတစ်ချို့သဘောကျတဲ့ရုပ်ရည်မျိုးမရှိပေမယ့် ကိုရီးယားနိုင်ငံရဲ့ အထင်ကရနာမည်ကျော်မင်းသားစာ ရင်းထဲမှာ ရှိနေပါတယ်...မကြာသေးခင်ကမှထွက်ရှိထားတဲ့ Taxi Driver ကားကိုကြည့်ဖူးထားရင် သူ့ကိုသိကြပါလိမ့်မယ်.. ...ဇာတ်လမ်းအကျဉ်းကတော့ Song ဟာဂိုဏ်းစတားခေါင်းဆောင်ဘဝကနေအနားယူလိုက်တဲ့လူတစ်ယောက်... အဲ့အချိန်မှာပဲသူ့ကိုအကြောင်းမျိုးမျိုးကြောင့်သေစေချင်တဲ့လူတစ်ချို့က ငယ်ရွယ်ချောမောတဲ့မိန်းမပျိုလေးတစ်ဦးကို လွှတ်ပြီးလုပ်ကြံခိုင်းတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းကောင်းတာလည်းကြည့်ချင်တယ်..အက်ရှင်ခန်းကောင်းကောင်းလေးလည်းပါစေချင်တယ်..မင်းသမီးကလည်းနင်းကန်လှရမယ်.. နူးညံလွန်းတဲ့ချစ်ခြင်းမေတ္တာအကြောင်းလေးတွေလည်းပါစေချင်တယ် ဆိုတဲ့ဇာတ်ကားမျိုးကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုရွေးချယ်သင့်ပါ့ကြောင်း ပြောပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.. File Size : (1GB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Hindsight(2011)
2011
6.3
What a Man Wants (2018)
What a Man Wants (2018) IMDb - 6.3/10_____Rotten - 71%Rating 6.3 ရထားတဲ့ အခု ဇာတ်လမ်းလေးကတော့ What a Man Wants ဆိုတဲ့အတိုင်း 18+ ဆန်ဆန်ကို ဟာသာဆန်ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ဒီကားထဲမှာ Running man အချစ်တော် ဆုန်းဂျီဟို နဲ့ Goblin ဇာတ်လမ်းထဲက Samshin lady အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Ei တို့ ပါဝင်ထားတဲ့အတွက် ကြည့်လို့ကောင်းမယ့်ကားဆိုတာကို အထူးတလည် ပြောစရာလိုမယ်မထင်တော့ပါဘူး။ဇာတ်လမ်းကတော့ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သူတွေအကြောင်းကို အဓိက မီးမောင်းထိုးပြ ထားပြီးတော့ အတွေးပေါင်းများစွာနဲ့ ကိုယ့်ကိုထားခဲ့မယ့် အချစ် Drama ကားလေးပဲဖြစ်ပါတယ်။ယောက်ျားတစ်ယောက် သူတို့လိုချင်တာဘာလဲ မိန်းမ တွေကရော သူတို့ယောက်ျားကို ပါရမီဘယ်လိုဖြည့်ပေးရမလဲ ဆိုတာ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ယောက်ျားတစ်ယောက်ကရော သူတို့ဖောက်ပြန်တာ သူတို့မိန်းမကို မချစ်တော့လို့လား လိင်ဆန္ဒ မပြည့်ဝလို့လား ...
movie
What a Man Wants (2018)
2018
6.4
The King’s Case Note (2017)
movie
2017
7.1
Love, Lies (2016)
Love lies ဆိုတဲ့ကားလေးကတော့ ကိုးရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ ၂၀ရာစု အစောပိုင်းကာလက ဂျိုဆွန်းရဲ့ အခြေအနေကို ပုံဖော်ထားတဲ့ကားလေးပါ။ဂျန်ဆိုယိုးက နာမည်ကြီးကချေသည်မျိုးရိုးကဆင်းသက်လာသူဖြစ်ပြီး ရုပ်ရည်လှပပြီး ရိုးရာသီချင်းသီဆိုရာမှာ ပါရမီရှိသူလေးပါ။ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး ဖခင်ရဲ့ခိုင်းစားခြင်းခံရတဲ့ ဆိုယွန်ဟီးကို သံယောဇဉ်ဖြစ်မိရာက ယွန်ဟီးကို သူနဲ့အတူပညာသင်စေခဲ့ပြီး သူတို့နှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ရိုးရာဂီတကိုမြတ်နိုးတဲ့ ဆိုယိုးရဲ့ချစ်သူကတော့ တေးရေးဆရာ ကင်ယွန်းဝူ ပါ။မျိုးချစ်စိတ်ရှိတဲ့ ကင်ယွန်းဝူဟာ မိခင်ရဲ့ဆန္ဒအတိုင်း အရာရှိဖြစ်လိုစိတ်မရှိပဲ ပြည်သူတွေနားဆင်ဖို့ တေးသီချင်းတွေရေးဖွဲ့ရတာကိုပဲ ပျော်မွေ့နေသူတစ်ဦးပါ။ယွန်ဟီးရဲ့ခေတ်ပေါ်ဂီတတေးကို နားထောင်မိပြီးနောက် ယွန်ဝူးဟာ ယွန်ဟီးကို သူ့သီချင်းကိုသီဆိုပေးဖို့ ကမ်းလှမ်းလာပါတယ်နှလုံးသားထဲမှာ ဆိုယိုးတစ်ယောက်ပဲရှိပါတယ်လို့ ကျိန်ဆိုထားပြီး နှစ်နှစ်နေရင်လက်ထပ်မယ်လို့ ကတိပေးထားတဲ့ ယွန်းဝူတစ်ယောက် အနေနီးစပ်လာတဲ့ ယွန်ဟီးကိုချစ်မိသွားပါတယ်။ယွန်ဝူးအကူအညီနဲ့ ခေတ်ပေါ်တေးအဆိုတော်ဖြစ်လာတဲ့ သူငယ်ချင်းရဲ့အောင်မြင်မှုကို ထပ်တူပျော်ရွင်ပေးနိုင်ပေမယ့် ချစ်သူရဲ့နှလုံးသားပြောင်းလဲသွားတာကို သိလိုက်ရတဲ့အခါ ဆိုယိုးဟာ နာကျင်ခံပြင်းမှုတွေနဲ့အတူ ကင်ယွန်းဝူနဲ့ ဆိုယွန်ဟီးတို့ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ချစ်သူ သူငယ်ချင်း ဂီတ အားလုံးကိုဆုံးရှုံးလိုက်ရတဲ့ ...
movie
Love, Lies (2016)
2016
5.3
RV: Resurrected Victims (2017)
သေရွာပြန် ဆိုတာကို ပရိသတ်ကြီး ကြားဖူးပါသလား?"မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ" ဆိုတဲ့ စကားပုံကိုရော ကြားဖူးပါသလားဇာတ်ကွက်လှလှလေးတွေ လှည့်ပြတတ်တဲ့ ကိုရီးယားရဲ့ ထုံးစံအတိုင်း ယခု တင်ဆက်ပေမယ့် ဇာတ်လမ်းလေးဟာလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်မတရားသဖြင့် သေဆုံးခဲ့ရပါတဲ့ နစ်နာသူတွေဟာ သူတို့ကို သတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို ဥပဒေက အပြစ်မပေးခဲ့ပါလျှင် သူတို့ ကိုယ်တိုင် အပြစ်ပေးဖို့ ပြန်လာတတ်ကြပါတယ် ပြန်လာတဲ့အခါမှာလည်း သူတို့ကို သေစေသူများကိုသာ ရန်ရှာ သတ်ဖြတ်ကြပါတယ်မိခင်ဖြစ်သူ ချွဲမြောင်စု သေဆုံးသွားပြီးတဲ့နောက်မှာ အမေမကြိုက်တဲ့ အရက်ကိုပင် မသောက်ပဲ တရားခွင်မှာ ရဲဝံစွာ လာဘ်ပေးလာဘ်ယူ ကင်းကင်းနဲ့ အမှုတွေကို ဖြေရှင်းတတ်တဲ့ ဆိုးဂျင်ဟုန်ဟာ ပြတ်သားတဲ့ စုံစမ်းရေးမှူးတစ်ယောက်ပါ...မိခင်ဖြစ်သူ၏ သေဆုံးမှုကို တရားခံအတုနှင့် အမှုပိတ်လိုက်သောကြောင့် မကျေမနပ်နှင့် ဆက်လက် စုံစမ်းနေသူလည်း ဖြစ်ပါတယ်...တစ်ရက်မှာတော့ ... ချွဲမြောင်ဆုဟာ သူ့သေဆုံးမှုအတွက် တရားခံ အစစ်ကို အပြစ်ပေးဖို့ လူ့လောကကို ...
movie
RV: Resurrected Victims (2017)
2017
6.4
ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကိုချပြပေးချင်တဲ့ ကားလေးကတော့ မင်းသား Kang Ji-hwan နှင့် မင်းသမီးချော Kim Ha-neulတို့အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ၊ Action ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ IMDb rating 6.4 ရထားပြီး 2009ခုနှစ်ကထွက်ရှိထားတဲ့ ကားကောင်းထဲကတစ်ခုဆိုလဲမမှားပါဘူး။ဒီကားထဲမှာ မင်းသမီးချော Kim Ha-neul( Soo Ji)က Agentတစ်ယောက်အဖြစ်ပြီး ပေါကြောင်ကြောင်Kang Ji-hwan(Lee Jae Joon)ရဲ့ချစ်သူ အမြဲတမ်းအလုပ်ရှုပ်နေတတ်တဲ့အမျိုးသမီး တစ်ယောက်လဲဖြစ်ပါတယ်မင်းသားကတော့ သူ့ကို Agent မှန်းမသိရှာပါဘူး။Soo Ji ရဲ့အထူးတာဝန်က Russian လူဆိုးဂိုဏ်းတစ်ဖွဲ့ကနေ သိပ္ပံဆိုင်ရာစမ်းသတ်ချက်တွေနဲ့ထုပ်လုပ်ထားတဲ့ လေထုထဲမှာပျံ့နှံ့နိုင်စွန်းရှိတဲ့ဗစ်တီးရီးယားဆေးပုလင်းကို Koreanလူဆိုးဂိုဏ်း တွေနှင့်လဲလှယ်ပြီးလူသားတွေကိုဒုက္ခမပေးနိုင်အောင် တားဆီးနှိမ်နှင်းရမဲ့တာဝန်ပဲဖြစ်ပါတယ်။တစ်နေ့မှာ မင်းသားက သူ့ချစ်သူနဲ့အဆင်မပြေဖြစ်ပီး နိုင်ငံခြားထွက်သွားခဲ့ပါတယ်။နောက်တော့ မင်သားဟာ Agent တစ်ယောက်အဖြစ် ကိုရီးယားနိုင်ငံကိုပြန်လည် ရောက်ရှိလာပါတယ်။သူတို့အဖွဲ့ရဲ့ အဓိကတာဝန်ကလဲ မင်းသမီး Soo Ji လိုက်နေတဲ့တာဝန်ပဲဖြစ်နေပြန်လို့ သူတို့နှစယောက်ပြိုင်ဆိုင်မှု့၊ Agent အဖွဲ့နှစ်ခုရဲ့ပြိုင်ဆိုင်မှု့တွေနဲ့ ...
movie
My Girlfriend Is an Agent (2009)
2009
6.6
Remember You (2016)
Don't Forget Me / Remember You (2016) IMDb - 6.6/10 Drama/ Mystery/ Romance film ဒီဇာတ်ကားလေးက သမားရိုးကျ ကြည့်နေကျ Korean drama နဲ့ မတူပဲ အနောက်တိုင်းဆန်တဲ့ ရိုက်ကူး တင်ဆက်ပုံတွေကို တွေ့ရမှာပါ….Seok_Won က ကားမတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ Jin_young ကတော့ စိတ်ဖိစီးမှုတွေကြောင့် Depression ရရနေတဲ့ အမျိုးသမီးတစ်ဦးပါ။ သူတို့နှစ်ဦး ဆေးရုံမှာ တွေ့ဆုံရာက ရင်းနှီးသွားခဲ့ပြီး ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ကားမတော်တဆမှုကြောင့် အတိတ်ကို ပြန်စဉ်းစားတိုင်း ခေါင်းကိုက်လေ့ရှိပြီး ကားမောင်းရမှာကို ကြောက်နေတဲ့ Seok_Won က Jin_Young ကြောင့် ပြောင်းလဲလာခဲ့သလို… Jin_Young ကလည်း သူမရဲ့ အထီးကျန်နေတဲ့နေ့ရက်တွေဟာ Seok_Won ကြောင့် ပဲ အဓိပ္ပယ်ပိုရှိလာစေပါတယ်။ဇာတ်ကားက Mystery /Drama လို့ ပြောတဲ့အတိုင်းပါပဲ… Romance ဖြစ်သလို ကြည့်နေစဉ်မှာလည်း ...
movie
Remember You (2016)
2016
1
2
Previous