Channel Myanmar
Jang So-yeon
High Society (2018) 5.6
High Society (2018) High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie
High Society (2018)
2018
My Dictator (2014)
My Dictator (2014) My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie
My Dictator (2014)
The Wailing(2016) 7.4
The Wailing(2016) The Wailing(2016)*****************Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။  မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie
The Wailing(2016)
Ransomed(2023) 6.7
Ransomed(2023) Ransomed(2023)****************ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေများစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်...သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရတည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး..တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်..ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်..ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့  သံရုံးကို ဖုန်းဝင်လာတယ်..အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင်အရှက်ကွဲမယ်..မကယ်ရင်လည်း  နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်းသူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်...အဲ့ဒီနောက်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File Size :(2.2GB) and (987MB) Quality : WEB-DL 1080p, 720p Format…mp4 Duration…02:12:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri,Stary, Lia Fay & Treasure Htet Encoded by Phyo ...
movie
Ransomed(2023)
Seducing Mr. Perfect (2006) 6.5
Seducing Mr. Perfect (2006) Seducing Mr. Perfect (2006) ============================ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို ...
movie
Seducing Mr. Perfect (2006)
2006
Wedding Dress (2010) 7.5
Wedding Dress (2010) Wedding Dress (2010)ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron
movie
Wedding Dress (2010)
2010
My Dear Enemy (2008) 7.1
movie
My Dear Enemy (2008)
Crazy Romance(2019) 6.7
Crazy Romance(2019) Crazy Romance(2019)(unicode)အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ် အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ When the Camellia Bloomsဇာတ်ကားထဲက မင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်.... ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲ ကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့ အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့ အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့... ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့.... ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ(zawgyi)အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ် အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ When the Camellia Bloomsဇာတ်ကားထဲက မင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်.... ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲ ကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့ အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့ အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့... ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့.... ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါFile Size : (950 MB) and (376 MB) Quality : FHD-Rip 720p Format…mp4 Duration…01:55:00 Genre : Comedy , Drama, Romance Subtitle : ...
movie
Crazy Romance(2019)
The End of April (2017) 6.8
The End of April (2017)   မပြေလည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တဲ့ ဂျိုဟီးက အိမ်နီးချင်း အစ်မ ယောင်ဂျင်းကို သိပ်အားကျခဲ့ပါတယ် ...ယောင်ဂျင်းကလည်း ဂျိုဟီးကို ညီမလေးလို ချစ်တာမို့ အတတ်နိုင်ဆုံးကာကွယ်ပေးခဲ့သူပါ ...ဒါပေမယ့် အချိန်တန်ကျတဲ့အခါ ကိုယ့်ဘဝနဲ့ကိုယ်လည်ပတ်ရတဲ့ အခါမှာ ယောင်ဂျင်းက ယောင်ဂျင်းဘဝ ဂျိုဟီးက ယောင်ဂျင်းဘဝ ဖြစ်လာပါတယ် (ရှုပ်သွားလား မသိ ?) ရုပ်ရှင်လေးကို ကြည့်ကြည့်ရင် နားလည်လာပါလိမ့်မယ်နော် ...လောကကြီးမှာ ဘယ်သူမှ မယုံရပါဘူး ....ဘယ်အရူးကမှလည်း ကိုယ့်ကိုကိုယ် ရူးတယ်လို့ မပြောတတ်ကြပါဘူး...မြင်မြင်ချင်းအချစ်တို့ အကြောင်းမသိပဲ ချစ်တယ်တို့ဆိုတာလည်း မကောင်းပါဘူး ...ဘယ်အရာကိုမှ အလွယ်တွေးတာ မကောင်းပါဘူး ...အဲ့ဒီ "ဘူး" တွေကို ဒီကားကြည့်ပြီးတဲ့ အခါ ယုံသွားပါလိမ့်မယ်...ယောကျာ်းလေးပရိသတ်တွေဆို အတန်းထဲက အကြောင်းမသိတဲ့ ကောင်မလေးကိုတောင် မကြိုက်ရဲ ဖြစ်သွားစေရမယ် ??၁၈+ ...
movie
The End of April (2017)
2017
Castaway on the Moon (2009) 8.1
Castaway on the Moon (2009)   ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့ နဲ့ Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိကမင်းသားဂျောင်ဂျေရောင်း နဲ့  အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့  ဖွဲ့  စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့်ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ...
movie
Castaway on the Moon (2009)
2009
The Yellow Sea (2010) 7.3
movie
The Yellow Sea (2010)