Channel Myanmar
Jang Gwang
Collective Invention (2015) 6.2
Collective Invention (2015)  Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူးဇာတ်လမ်းအကြောင်းကတော့ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by ...
movie
Collective Invention (2015)
Way Back Home (2013) 7.5
Way Back Home (2013) Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီးBae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း ...ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်ကဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့ မိသားစု ...
movie
Way Back Home (2013)
The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie
The Whistleblower (2014)
Chronicle of a Blood Merchant (2015) 6.38
Chronicle of a Blood Merchant (2015) Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie
Chronicle of a Blood Merchant (2015)
2015
Silenced (2011) 8.1
Silenced (2011) မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie
Silenced (2011)
2011
The Gossip (2021) 6.6
The Gossip (2021) The Gossip (2021)ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲ သူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေ ဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်း အိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲ ရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် ..ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့ တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော် ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့ "မင်းသားက အဆင်လေးပါ အဆင်လေးပါ" ဒါပါပဲအညွှန်းကိုတော့ ...
movie
The Gossip (2021)
2021
Cobweb(2023) 7.0
Cobweb(2023) Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho  Im Soo Jung  Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး  ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့   ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့  ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့   တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့  ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie
Cobweb(2023)
60 Days of Summer (2018) 6.4
60 Days of Summer (2018) 60 Days of Summer (2018)လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။ အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့ သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့... ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ...တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ... ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | ...
movie
60 Days of Summer (2018)
2018
Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie
Marriage Blue (2013)
The Unfair (a.k.a) Minority Opinion (2015) 6.4
The Unfair (a.k.a) Minority Opinion (2015) The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie
The Unfair (a.k.a) Minority Opinion (2015)
2015
Asurado (2021) 6.0
Asurado (2021)    ASURADO (2021)စည်းမကျော် ဘောင်မကျော် သိက္ခာရှိတဲ့ ဂိုဏ်းခေါင်းဆောင် နိုင်ငံကျော်လူမိုက် အီထယ်ရှစ်တစ်ယောက် လူသတ်မှုတစ်ခုအတွက် မတရားစွပ်စွဲခံရပြီး ထောင်ကျခဲ့ပြီးထောင်ကြီးကြပ်ရေးမှူး ဂျိုဖြောင်ပိုဟာ လူသတ်မှုရဲ့ နစ်နာသူ သူ့သားအတွက် အငြိုးထားပြီး အီထယ်ရှစ်ကို တစ်သက်တကျွန်းထောင်ကျရင်း ခံစားစေရဖို့ တဖက်သက်လုပ်ကြံဒုက္ခတွေ လိုက်ပေးနေတဲ့အခါ...သူများကို ထိရရင်အကောင်း ကိုယ့်ကိုထိမှ မဟားတရား ဆွေ့ဆွေ့ခုန်တတ်တဲ့ အာဏာတွေပါဝါတွေကို အလွဲသုံးစားလုပ် အကျင့်ယုတ်တတ်တဲ့လူအချို့အကြောင်း မီးမောင်းထိုးပြသပြီး ထောင်သားတွေရဲ့ ထောင်ထဲက ဘဝနဲ့ယှဉ်တွဲထားတဲ့ အက်ရှင်ရုပ်ရှင်ကားတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှု့လိုက်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.6GB) / (780MB) Quality__WebDL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie
Asurado (2021)
The Labyrinth (2021) 5.2
The Labyrinth (2021) The Labyrinth( 2021)ဒီတစ်ခါတော့ Horror ဇာတ်ကားတွေကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာကို သဘောကျတဲ့သူတွေအတွက် ကိုရီးယားhorror ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။အထက်တန်းကျောင်းတစ်ကျောင်းမှာ တွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးကြောင့် ထူးဆန်တဲ့အမှုတွေကကျောင်းအတွင်းမှာ ဆက်တိုက်ဖြစ်နေပြီးတော့ ဘာကြောင့်ဆိုတာကိုလည်း အဖြေရှာလို့မရဖြစ်နေပါတယ်။အဲ့ကျောင်းကို ပြောင်းလာခဲ့တဲ့ ကျောင်းသားသစ် ဟွီမင်က White Day နေ့မှာ သူသဘောကျနေတဲ့ ကောင်မလေးဖြစ်တဲ့ ဆိုယောင်းကို လက်ဆောင်ပေးဖို့ ကျောင်းကို နောက်ကျမှခိုးဝင်လာခဲ့ပါတယ် ဒါပေမဲ့ ကျောင်းကိုရောက်တဲ့အချိန်မှာ တစ်ခုခု မူမမှန်တာကို သတိထားမိသွားပါတော့တယ်....ဟွီမင်ကရော ကျောင်းထဲကနေပြန်ပြီးထွက်လာနိုင်ပါ့မလား.... မကောင်းဆိုးဝါးရဲ့ လက်ကနေရော လွတ်နိုင်ပါ့မလား..... ဒီကျောင်းရဲ့ နောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေများ ရှိနေဦးမလဲ..... ဇာတ်အိမ်ခိုင်ပြီး ကျောင်းနောက်ခံနဲ့ ရိုက်ကူးထားတဲ့အပြင် မြုပ်ကွက်မျိုးစုံလည်းပါတာကြောင့် အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ။SF9 ထဲက Chani က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kim Khin Hana ပဲ ဖြစ်ပါတယ်။Genre: Horror, Fantasy Quality: 1080P ...
movie
The Labyrinth (2021)
2021
26 Years 6.3
26 Years 26 Years (2012)တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင် - ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး - စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီး မတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက ​ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါGwangju Uprising မှာဖြစ်သွားခဲ့တဲ့ ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီး ​ လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျဒါပေမယ့် ...."Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့အချိန်​တွေ ဘယ်လောက်ကြာကြာ ဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူးကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာနိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင် လူတွေကို ...
movie
26 Years
2012
Steel Rain 2: Summit(2020) 7.5
Steel Rain 2: Summit(2020) Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie
Steel Rain 2: Summit(2020)
The Negotiation(2018) 6.5
movie
The Negotiation(2018)
2018
Untouchable Lawmen ( 2015 ) 7.5
Untouchable Lawmen ( 2015 ) Zawgyi*******ထစ်ခနဲဆိုလက်ပါတတ်ပြီး သံသယရှိတဲ့သူတွေကိုသေအောင်ရိုက်နှက်တတ်တဲ့ လီဂျွန်ဂျင်ဟာ စုံထောက်တစ်ယောက်ပါသူနဲ့တူတူ မိန်းမတွေနဲ့ပွေဖို့ဆိုထိပ်ဆုံးကနေတတ်တဲ့ ချိုယွန်မင်ကလည်းထိပ်တန်းရဲအရာရှိတစ်ယောက် သူတို့၂ဦးကို ဌာနချုပ်ကနေဘယ်လိုမှဖမ်းမမိတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းဖို့အမိန့်ပေးတဲ့အခါအကောင်ကြီးကြီးတွေကိုအကာအကွယ်ယူထားတဲ့ အဲ့လူဆိုးကိုဖမ်းမိပါ့မလားပုံစံမတူတဲ့သူတို့၂ယောက် ဘယ်လိုပူးပေါင်းကြမလဲ ဆိုတာဟာသာဆန်ဆန်ရိုက်ထားတဲ့ အက်ရှင်ကားတစ်ကားကိုကြည့်တဲ့သူတွေစိတ်ကျေနပ်မှုပေးနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်..... Unicode*******ထစ်ခနဲဆိုလက်ပါတတ်ပြီး သံသယရှိတဲ့သူတွေကိုသေအောင်ရိုက်နှက်တတ်တဲ့ လီဂျွန်ဂျင်ဟာ စုံထောက်တစ်ယောက်ပါသူနဲ့တူတူ မိန်းမတွေနဲ့ပွေဖို့ဆိုထိပ်ဆုံးကနေတတ်တဲ့ ချိုယွန်မင်ကလည်းထိပ်တန်းရဲအရာရှိတစ်ယောက် သူတို့၂ဦးကို ဌာနချုပ်ကနေဘယ်လိုမှဖမ်းမမိတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းဖို့အမိန့်ပေးတဲ့အခါအကောင်ကြီးကြီးတွေကိုအကာအကွယ်ယူထားတဲ့ အဲ့လူဆိုးကိုဖမ်းမိပါ့မလားပုံစံမတူတဲ့သူတို့၂ယောက် ဘယ်လိုပူးပေါင်းကြမလဲ ဆိုတာဟာသာဆန်ဆန်ရိုက်ထားတဲ့ အက်ရှင်ကားတစ်ကားကိုကြည့်တဲ့သူတွေစိတ်ကျေနပ်မှုပေးနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်..... Translated & Review By XiaoEncoded By LK
movie
Untouchable Lawmen ( 2015 )
2015
Bad Guys Always Die (2015) 5.8
Bad Guys Always Die (2015) Bad Guys Always Die (2015) ==================ရည်းစားပစ်ထားတာခံရပြီးနောက် တရုတ်ကနေ ကိုရီးယားကိုထွက်လာခဲ့ပြီး ဘူဆန်မှာ အေးအေးလူလူ တစ်ယောက်တည်းကလေးတွေကို တရုတ်စာသင်ပေးရင်းနေထိုင်နေတဲ့ ချန်းဇီ တစ်ယောက်....တစ်နေ့မှာ အတွေ့တာကြာပြီဖြစ်တဲ့ တရုတ်ကသူငယ်ချင်းတွေနဲ့တွေ့ပြီး ဂျယ်ဂျူဒိုကို အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်ဂျယ်ဂျူဒိုစရောက်တဲ့နေ့မှာပဲ လမ်းမှာကားအက်စီးဒင့်ဖြစ်ပြီး မေ့နေတဲ့မိန်းမတစ်ယောက်ကို ကယ်မိရာမှ သူတို့ရဲ့ပျော်စရာဂျယ်ဂျူဒိုခရီးစဉ်ကနေ ထိုမိန်းမရဲ့ ဇာတ်ထုပ်အရှုပ်ထဲကို ရောက်သွားကြတဲ့အခါ...ထိုမေ့နေတဲ့မိန်းကလေးကရော ဘယ်သူလဲ...သူတို့ကရော ဘယ်လို တလွဲတွေလုပ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ ။ဒီဇာတ်ကားကတော့ Action , Comedy အမျိုးအစား ဖြစ်ပါတယ် ။( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် ) [Unicode]Bad Guys Always Die (2015) ==================ရည်းစားပစ်ထားတာခံရပြီးနောက် တရုတ်ကနေ ကိုရီးယားကိုထွက်လာခဲ့ပြီး ဘူဆန်မှာ အေးအေးလူလူ တစ်ယောက်တည်းကလေးတွေကို တရုတ်စာသင်ပေးရင်းနေထိုင်နေတဲ့ ချန်းဇီ တစ်ယောက်....တစ်နေ့မှာ အတွေ့တာကြာပြီဖြစ်တဲ့ တရုတ်ကသူငယ်ချင်းတွေနဲ့တွေ့ပြီး ဂျယ်ဂျူဒိုကို အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်ဂျယ်ဂျူဒိုစရောက်တဲ့နေ့မှာပဲ လမ်းမှာကားအက်စီးဒင့်ဖြစ်ပြီး ...
movie
Bad Guys Always Die (2015)
2015
Secretly, Greatly ( 2013 ) 6.9
Secretly, Greatly ( 2013 ) IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခုငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဥာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကိုစပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီးလျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီးအထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ်အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီးစပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်းသူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ်ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကိုမိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့This Movie Brought To You By ...
movie
Secretly, Greatly ( 2013 )
2013
Masquerade (2012) 7.8
Masquerade (2012) CM Fan တွေ အတွက် မင်းသား လီဗြောင်ဟွန်း သရုပ်ဆောင်ထားတဲ့ နန်းတွင်း ရုပ်ရှင်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ကိုရီးယားတွေ အတွက် တိုင်းပြည် တစ်ခု တည်ထောင်တဲ့အခါ ဘုရင်က အာဏာ ရှိရင်ရှိ မဟုတ်ရင် အမတ်တွေ ၀န်ကြီးတွေက အာဏာရှိလာတဲ့အခါ တိုင်းပြည်က ဘေးဒုက္ခရောက်တော့တာပါပဲ ဂျိုဆွန်း ခေတ်က ဘုရင် ဂွန်ဟေး ဟာ အမတ်ကြီးတွေ ၊ ၀န်ကြီးတွေ ရဲ့ သတ်ချင်ရလောက်တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်... တိုင်းရေး ပြည်ရေး ကို သိပ်စိတ်မ၀င်စားပဲ အပျော်အပါးလောက်ပဲ ၀ါသနာပါတဲ့သူပါ... တစ်ရက်မှာ ဘုရင့် ရဲ့ ယုံကြည်ရတဲ့ အထိန်းတော် နဲ့ အတွင်းဝန် တို့ဟာ ဘုရင် နဲ့ ချွတ်စွတ်တူတဲ့ နယ်လှည့်အကသမား တစ်ယောက်ကို တွေ့ရှိခဲ့ပြီး ဘုရင်နေရာ ခဏ အစားထိုးထားမယ် စိတ်ကူးပါတယ် အဓိပါယ်ကတော့ ဘုရင် အစစ်နေရာ အစားထိုးခံပြီး သေချင်ရင်သေ ဆိုတဲ့အဓိပါယ်နဲ့ ပါပဲ... ရိုးအ တဲ့ သူကတော့ ဘုရင်နေရာ ဟန်ဆောင်အဖြစ် ရောက်ရှိခဲ့ပြီး ဘုရင် အစစ် မရှိတဲ့အခိုက် တာဝန်တွေကို လွှဲပြောင်းယူထားရင်း နန်းတော်က ပြည်သူတွေကို ကိုယ်ချင်းမစာမနာ လုပ်ရပ်တွေ မျက်ဝါးထင်ထင် တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့.... ဘာသာပြန်ကတော့ သင်ဇာထက် ဖြစ်ပြီး သစ်ဆန်းခန့် ...
movie
Masquerade (2012)
2012