Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Janet Rotblatt
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
The Craft (1996)
လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း ...
movie
The Craft (1996)
7.0
Heart and Souls (1993)
Heart and Souls (1993) IMDb - 7.0/10_____Rotten - 55% >>> Heart and Soul <<<<1993 ခုနှစ်က ထွက်ရှိခဲ့ပြီး Imdb 7 ရထား တဲ့ PG-13 Comedy Drama Romance ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နိုင်ငံတကာမှာပဲ ပေါက်ခဲ့တာမဟုတ်ပဲ မြန်မာနိုင်ငံမှာလည်း သရဲလေးကောင် ဆိုတဲ့နာမည် နဲ့ ပုံစံတူရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးက 1959 ခုနှစ် မှာ လူလေးယောက်စီးနှင်းလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ကိုယ်ဝန်ဆောင် မိခင်တဦး စီးလာတဲ့ ကား တိုက်မိတဲ့ accident တခုအပေါ် သေဆုံးသွားတဲ့ဝိဉာဉ်၄ယောက်နဲ့ အသစ်မွေးဖွားလာတဲ့ခလေးကြား ဆက်နွယ်နေတဲ့ ကံကြမ္မာ တခုက စတင်ပေးခဲ့တယ်။ ဇာတ်လမ်းအကျဉ်း >>>>>>ဆန်ဖရန်စစ်စကို : 1959 ခုနှစ် ပဲရ်နီဝါရှင်တန်အမည်ရှိ ဖုန်းအော်ပရေတာ တခုတွင် ညဆိုင်းလုပ်နေတဲ့ ခလေးသုံးယောက်အမေ single ...
movie
Heart and Souls (1993)
1993