Channel Myanmar

Jane Leeves

Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
James and the Giant Peach (1996) 6.7
James and the Giant Peach (1996) James and the Giant Peach (1996) Genre – Animation, Adventure, Family IMDB – 6.7/10“ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….”Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆိုအရင်ခေတ်က ဒီကားဟောင်းလေးကို ကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင်သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selick ဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4 ဂိမ်းလေးကိုလည်းဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့BFG ...
movie

James and the Giant Peach (1996)