Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jane Horrocks
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
6.7
Chicken Run: Dawn of the Nugget (2023)
ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ ဂျင်ဂျာတို့တစ်သိုက်ဟာလူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။သူတို့ဟာ လူတွေနဲ့ဝေးရမှာ နေဖို့ကြိုးစားပြီး သူတို့သမီးမော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကိုစူးစမ်းရင်းနဲ့ ရန်သူဟောင်း ...
movie
Chicken Run: Dawn of the Nugget (2023)
2023
7.0
Tinkerbell : Secret of the Wings (2012)
Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie
Tinkerbell : Secret of the Wings (2012)
2012
6.6
Tinker Bell and the Lost Treasure (2009)
Tinker Bell and the Lost Treasure (2009) ============================ IMDb Rating - 6.6/10အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.72 GB) / (860 MB) / (512 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin ...
movie
Tinker Bell and the Lost Treasure (2009)
2009
6.7
Tinker Bell (2008)
Tinker Bell (2008) ==============ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ် တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန် ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူး ပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ် သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ် ပါတယ်။ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်း ဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ် တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီး သူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် Pixie Hollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်း လေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင် ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီး ကနေ ..... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.63 GB) / (790 MB) / (475 MB) Quality............BLU-RAY 1080p / ...
movie
Tinker Bell (2008)
2008
7.3
Corpse Bride (2005)
Corpse Bride (2005)IMDb - 7.3/10_____Rotten - 84% ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး.... မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ… ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု.....ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက်တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကိုသေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာတစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ ...
movie
Corpse Bride (2005)
2005
7.0
Chicken Run (2000)
Chicken Run(2000) IMDb - 7.0/10_____Rotten - 97%Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကို တစ်ခေါက်ပြန်ကြည့်မိတယ် ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲ ဇတ်လမ်းပုံစံက တွီဒီလို့ ခေါ်တဲ့ မွေးမြူရေး ကြက်ခြံက ငရဲခံနေရတဲ့ ဥ ဥပေးရတဲ့ ကြက်မတွေ အကြောင်းပေါ့ အဲ့ဒီကြက်ခြံကနေ ထွက်ပြေးဖို့ အမြဲကြံနေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စုပေါ့ ဂျင်ဂျာကတော့ လွတ်မြောက်နယ်မြေရှိမယ်လို့ အမြဲယုံကြည်နေသူ တစ်ဦးပေါ့ သူ့စိတ်ကူးကို သူငယ်ချင်းတွေက အမြဲ အကောင်အထည်ဖော်ပေးရတယ် ထွက်ပြေးဖို့နည်းလမ်းတွေ ဆွဲကြတယ် ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ် ပိုင်ရှင် လင်မယားဟာ ကြက်တွေကို မဝရေစာ ကျွေးမွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံး လိုချင်ကြပါသေးတယ် အပတ်တိုင်း ကြက်ခြံကို ဝင်စစ်လေ့ ရှိပြီး တစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ ကြက်မ အတွက်တော့ နားရက်ရသွားတာပါပဲ နားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ် ဖြစ်သွားတာမျိုးပေါ့ နောက်ဆုံး ပလန်တွေ အလုပ်မဖြစ်လို့ လက်လျှော့ အရှူံးပေးတော့မယ် စဥ်းစားနေတဲ့ ဂျင်ဂျာ အတွက် မျှော်လင့်ချက် အလင်းရောင်က တစ်ညမှာ တွီဒီ ကြက်ခြံထဲကို ကြက်ဖ ...
movie
Chicken Run (2000)
2000
7.1
Arthur Christmas (2011)
Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ...
movie
Arthur Christmas (2011)
2011