Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jane Fonda
6.9
Our Souls at Night (2017)
Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ်လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့...တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့စကားတစ်ခွန်းဆိုပါတယ်.."တခါတလေ ကျွန်မအိမ်လာပြီးကျွန်မနဲ့အတူအိပ်ချင်လား"တဲ့ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့်တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာတစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ..ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကိုကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ File size…1.40GB / 599MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Our Souls at Night (2017)
Georgia Rule (2007)
ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ 2007 ကထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်လေးဖြစ်ပါတယ်။ဆယ်ကျော်သက် ဂျစ်ကန်ကန်ကောင်မလေး Rachel ကိုကောလိပ်မတက်ခင် နွေရာသီမှာ အဘွားနေဖို့ အမေနဲ့ပထွေးဖြစ်သူက Idaho ကို ပို့လိုက်ပါတယ်။ အဘွားဆိုတာက အမေနဲ့လည်း အဆင်မပြေ Rachelကိုယ်တိုင်ကလည်း လေးနှစ်သမီးမှာ တစ်ခါပဲ တွေ့ဖူးသူပါ။ စည်းကမ်းတွေများပြီး ထမင်းတောင် အချိန်မှန်စား၊ အိပ်ရင်လည်းအချိန်မှန်အိပ်တတ်သူ အဘွားနဲ့ အဆိုးအသွမ်းလေး ရေချယ်တို့တစ်မိုးအောက်မှာ အတူနေဖို့ အကြောင်းဖန်လာတဲ့အခါ ….ဆယ်ကျော်သက်ပီပီ အာရုံစိုက်ခံရဖို့ ဘာမဆိုလုပ်တဲ့ Rachel တစ်ယောက်ပစ်ထားခဲ့တဲ့ အမေနဲ့ ပထွေးကို လက်စားချေဖို့ဘယ်လိုတွေ မွှေဦးမလဲဆိုတာကိုတော့…. နီးလွန်းရင် မမြင်ဘူးဆိုတဲ့အတိုင်း မိသားစု အချင်းချင်းပေးဆပ်ချစ်နေပေမဲ့ တစ်ယောက်အချစ် တစ်ယောက်မမြင်နိုင်ကြတဲ့ Georgia, Lily , Rachel ဆိုတဲ့မြေးအဘွား သုံးယောက်ရဲ့ တိတ်တိတ်လေးဖြည့်ဆည်းပေးတတ်ကြတဲ့ အချစ်ကို သရုပ်ဖော်ထားပါတယ်။ ဒီရုပ်ရှင်မှာ မမ Lindsay Lohan ကခပ်ဆိုးဆိုးဆယ်ကျော်သက်ကောင်မလေးRachel အဖြစ် သရုပ်ဆောင်ထားပြီးအရက်စွဲပြီး ယောက်ျားအပေါ် ...
movie
Georgia Rule (2007)
This Is Me…Now (2024)
ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ...
movie
This Is Me…Now (2024)
5.9
Ruby Gillman, Teenage Kraken (2023)
Ruby Gillman, Teenage Kraken (2023) =========================== IMDb Rating - 5.9/10The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက် တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာ ပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I've Loved Before ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြား ဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက် ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး မှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆို တာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက် တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။တစ်နေ့မှာတော့ အမှတ်မထင် ...
movie
Ruby Gillman, Teenage Kraken (2023)
2023
6.5
Moving On(2022)
Moving On(2022)****************ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီးအိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Moving On(2022)
7.0
Fathers and Daughters (2015)
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray ...
movie
Fathers and Daughters (2015)
2015
80 for Brady (2023)
80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie
80 for Brady (2023)
2023
7.2
The Butler (2013)
2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လိုဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB) / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Butler (2013)
6.3
Luck (2022)
Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie
Luck (2022)
2022
6.2
Book Club (2018)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Book Club"ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာတော့ မမကြီးလေးယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဇာတ်အိမ်တည်ထားပါတယ်...အညွှန်းလေးကို ဖတ်ရှုပါဦးနော်...အညွှန်းဗီဗီယန် ကာရိုး ရှရွန် ဒိုင်ယိန်းဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ လတိုင်း တစ်လတစ်ခါ စာအုပ်တစ်အုပ်စီဖတ်ရပါတယ်...ဒါကိုပဲ book club လို့ နာမည်ပေးထားတာပါ...တစ်လမှာ တစ်ယောက်က ဘယ်စာအုပ်ဖတ်ရမလဲ ရွေးရပါတာပေါ့...ဗီဗီယန်ဆိုတဲ့ အပျိုကြီးအလှည့်မှာတော့ အာဂစာအုပ်ကို ရွေးလိုက်ပါတော့တယ်...ဒီစာအုပ်ကတော့" Fifty Shades of Grey" ဆိုတဲ့ စာအုပ်ပါပဲ....ဒီစာအုပ်ကတော့ အရွယ်ရောက်သူတွေအတွက် စိတ်တွေမသိုးမသတ် ခိုးလိုးခုလုဖြစ်စေတဲ့ လိင်ပိုင်းဆိုင်ရာ စာအုပ်မျိုးပါ...သူတို့ လေးယောက်ဟာ ဒီစာအုပ်ဖတ်ပြီး အပြင်လောကမှာလဲ စာအုပ်ထဲကအတိုင်း လက်တွေ့စမ်းချင်ပါတော့တယ်...ဒီလိုစမ်းသပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုအလွဲလေးတွေ တွေ့ရမယ်ဆိုတာ ပရိတ်သတ်ကပဲ ကြည့်ရှုလိုက်ကြပါဦး....အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတဲ့ စကားကို သက်သေပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရကျိုးနပ်ပါတယ်နော်... (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ May Haruko ပါ) File Size ...
movie
Book Club (2018)
2018
7.3
Youth (2015)
Youth (2015)IMDb (7.3/10)....Rotten Tomatoes (72%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ........[Spoiler Alarm]ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey ...
movie
Youth (2015)
2015