Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jane Alexander
State of Consciousness (2023)
The Flash, The Walking Dead, 9-1-1 စတဲ့ Series တွေရဲ့ DirectorMarcus Stokes ရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးတစ်ကားပါInto The Wild နဲ့ The Girl Next Door ထဲက မင်းသား Emile Hirsch အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Tatjana Nardone နဲ့ Kesia Elwin တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းကတော့ စတီဖင် ဟာ ကိုယ်ပိုင် စတိုးဆိုင်လေးနဲ့ ဆီပန့်ဆိုင်လေးဖွင့်ထားပြီးဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ စစ်ပြန်ကြီးတစ်ယောက်ပေါ့ တစ်နေ့တော့ လူသတ်မှုတစ်ခုနဲ့ ထောင်ချောက်ဆင်ခံရပြီး ထောင်ထဲကိုသွားရမယ့်အစား ပြစ်ဒဏ်ပိုသက်သာရအောင်ဆိုပြီး စိတ်ဒဏ်ရာရပြီး စိတ်ရောဂါဖြစ်ဖူးတဲ့မှတ်တမ်းရှိဖူးတာကို အသုံးချပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်......ဆေးရုံမှာသူ့ကို ဒေါက်တာ ဖီဒါ က စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးရာကနေ......အဖြစ်အပျက်တွေက အရှေ့ရောက်လိုက် အနောက်ရောက်လိုက်နဲ့....ဘယ်ဟာက အမှန်တကယ်၊ ဘယ်ဟာက ထင်ယောက်ထင်မှား၊ ဘယ်ဟာက ...
movie
State of Consciousness (2023)
5.1
The Unborn (2009)
The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie
The Unborn (2009)
6.5
Terminator Salvation (2009)
Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် ...
movie
Terminator Salvation (2009)
2009
7.8
Kramer vs. Kramer (1979)
ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်ထိဟောလိဝုဒ်မှာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Dustin Hoffman နှင့် Meryl Streep တို့ အပြိုင်အဆိုင် ပါဝင်အစွမ်းပြထားတဲ့ ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာ အိမ်ထောင်ရေး အဆင်မပြေမှု ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်ဒ်ခရေးမားနှင့် ဂျိုအန်နာခရေးမားတို့ဟာ ရှစ်နှစ်ကြာအိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားနိုင်ပြီး ခုနှစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။တက်ဒ်က ကြော်ငြာလုပ်ငန်းကုမ္မဏီမှာ ရာထူးကောင်း လစာကောင်းနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး တစ်နေ့မှာတော့ ရာထူးတိုးတဲ့အတွက် ဒီသတင်းကောင်းကို မိန်းမဖြစ်သူကို ပြောဖို့ ဝမ်းသာအားရပြန်လာပေမယ့် ဂျိုအန်နာတစ်ယောက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ဒီအိမ်ကြီးမှာ ဘယ်လိုမှမနေနိုင်တော့ကြောင်း မွန်းကြပ်နေပြီဖြစ်ကြောင်း သားကိုလည်း တက်ဒ်နဲ့ ထားခဲ့ပြီး ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အရင်လိုစိတ်ဆိုးတာလို့ထင်ပြီး မကြာခင်အိမ်ပြန်လာမယ်လို့ ထင်တဲ့ တက်ဒ်ဟာ သိပ်စိတ်မပူခဲ့ပေမယ့် ဒီတစ်ခါတော့ ဂျိုအန်နာဟာ ပြန်မလာတော့ဘဲ သားလေးကို ထားခဲ့ရလို့ စိတ်မကောင်းကြောင်းစာပဲ ပို့လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ရာထူးတိုးစ တက်ဒ်တစ်ယောက်ဟာ အလုပ်ရော ...
movie
Kramer vs. Kramer (1979)
6.0
Dream House (2011)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie
Dream House (2011)
5.3
Deck the Halls (2011)
ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark moviesတွေထဲကမိသားစုကားကောင်းလေးတကားပါ။ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူဌေးကြီး လုခ်ရိုင်လေ။ခရစ်စမတ်အချိန်အခါမှာ သူမရဲ့ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူသူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ပြန်ပေးဆွဲသူကဘယ်သူလဲဘာကြောင့်လုပ်ရတာလဲ။သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦးFile size… 1.3 GB / 640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie
Deck the Halls (2011)
2011
5.9
Three Christs (2020)
Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
7.8
Glory 1989
ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie
Glory 1989
7.1
The Ring (2002)
Rotten Tomatoes ... 71%The Ring အဝန်းအဝိုင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဖုန်းမြည်သံလို့လည်းအဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားနဲ့ ဆက်စပ်ကြည့်ရင် ဒီအဓိပ္ပါယ်နှစ်ခုလုံးကိုတွေ့ရမှာပါ။ ဒီသေမင်းတမာန် ဗီဒီယိုတိပ်ခွေ ဇာတ်လမ်းကို ကြည့်ဖူးသူတွေများမယ်ထင်ပါတယ်။အဲဒါကြောင့် အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ဒီဇာတ်ကားလေးကို Ring ဆိုတဲ့ ဂျပန် ဇာတ်လမ်းတစ်ခုက ကျောရိုးယူပြီးရိုက်ထားပေမယ့်တစ်ဝက်လောက် အကြောင်းအရာမတူပါဘူး။ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မင်းသမီးနဲ့မင်းသားတို့က ဒီဇာတ်ကားကိုဟားစရာဖြစ်မယ်လို့ ထင်ထားခဲ့ကြပေမယ့် အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ သရဲမလေး ဆာမာရာနေရာက သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင် Daveigh Chaseဆိုရင် သူ့ကိုယ်သူပြန်မကြည့်ရဲတဲ့အထိကြောက်မိပါတယ်တဲ့။ ဒီဇာတ်ကားလေးကို ပြန်လည်ခံစားချင်သူတွေ အရင်ကအရမ်းလန့်ခဲ့ဖူးတာလေးတွေကိုပြန်သတိရချင်သူတွေအတွက် ပြန်တင်ဆက်လိုက်ရပါတယ်ဗျာ။ဒီကားလေးက Rating မြင့်တဲ့ Horror, Mysteryဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 950 MB) and ( 430 MB) Quality__BR-Rip 720p IMDb Rating__7.1/10 Format__mp4 Duration__01:55:18 Type__Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie
The Ring (2002)
2002