Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jana Rains Austinson
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
6.7
A Walk in the Clouds (1995)
[Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie
A Walk in the Clouds (1995)