Channel Myanmar

Jana Banker

Savages (2012) 6.4
Savages (2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie

Savages (2012)

Trouble Is My Business (2018) 6.9
Trouble Is My Business (2018) ရောက်လာတဲ့ကိစ္စက သူ့အဖေပျောက်သွားလို့ လိုက်ရှာပေးဖို့အကူအညီလာတောင်းတာပါတဲ့….ဖြစ်ချင်တော့ စုံထောက်နဲ ့ မိန်းမပျိုဟာရည်ငံသွားကြပြီး အဲ့ဒီညမှာတင် စုံထောက်တိုက်ခန်းကိုလိုက်အိပ်ပါသတဲ့….မနက်နိုးတော့ မိန်းကလေးဟာ ပျောက်ဆုံးနေခဲ့ပြီး သူနဲ့အတူအိပ်ခဲ့တဲ့ အိပ်ရာပေါ်မှာ သွေးကွက်ကြီးတစ်ခုသာ ကျန်ခဲ့တာကို စုံထောက်ကထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်…အဲ့ဒီမနက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုရပြီး ရုံးကိုပြန်အသွား ရွှေအိုရောင်ဆံပင်နဲ့မိန်းကလေးတစ်ယောက် ထပ်ရောက်လာခဲ့ပါတယ်…သူကတော့ ကတ်သရင်းရဲ့ညီမ ဂျနီဖာပါတဲ့…သူကလည်းမနက်လင်းလင်းချင်း သူ့ဆီကို ကတ်သရင်းနဲ့စုံထောက်အတူရှိနေခဲ့ကြတဲ့ပုံတွေကို စာအိတ်တစ်အိတ်နဲ့ရောက်လာပြီး သူ့အဖေပြီး သူ့ညီမပါထပ်ပျောက််သွားတဲ့အတွက် သူ့ဆီလာရောက်စုံစမ်းခြင်းပါ..ဒီလိုနဲ့ ထူးဆန်းစွာပျောက်ဆုံးမှုတွေကို ရှာဖွေရင်း ရှုပ်ထွေးတဲ့ပြဿနာတွေထဲ ဝင်ရောက်မိသွားတဲ့ ရာဇဝတ်စုံထောက်ကားကို ၁၉၄၀ ပတ်ဝန်းကျင် ကပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ၂၀၁၈ ထွက် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…စုံထောက်ကားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပြီး ဇာတ်လမ်းအဆုံးမှာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် ကားတစ်ကားပဲဖြစ်လို့ ကြည့်ရှုခံစားကြဖို့ ဖိတ်ခေါ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size : (850 MB) and (333 MB)Quality : WEB-DL 720p Running Time : ...
movie

Trouble Is My Business (2018)

2018